အယောင်ဆောင် အလှူခံနေသူ တစ်ဦးအား ဖမ်းဆီး အရေးယူ

ပျဉ်းမနား  စက်တင်ဘာ  ၁ဝ

နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနား မြို့နယ်၌ ယမန်နေ့က ပျဉ်းမနားမြို့မ ရဲစခန်းမှ ရဲတပ်ကြပ် ဝင်းသင်နှင့် တပ်ဖွဲ့ဝင်များသည်

ရန်အောင်(၂)ရပ်ကွက် ရာအိမ်မှူး ဦးစိုးအောင်နိုင်၊ ဦးမြင့်အောင်နှင့် မာန်အောင်ကျောင်းတိုက် ဆရာတော် ဦးဇာဂရပါ သံဃာတော်များမှ သာသနာတော် သန့်ရှင်းရေး အတွက် ပူးပေါင်းလှည့်လည် ဆောင်ရွက်နေစဉ် ရန်အောင် (၁)ရပ်ကွက် အောင်မင်္ဂလာ ကားကြီးဝင်း(ဟောင်း) အနီးတွင် သင်္ကန်းဝတ်ဖြင့် စာအိတ်များ ဖြန့်ဝေကာ လိုက်လံ အလှူခံနေသည့် ကိုရင်တစ်ပါးအား  တွေ့ရှိသဖြင့် စစ်ဆေး မေးမြန်းရာ ရှင်ဥတ္တမ လူအမည် အေးကိုဦး  ၂ဝ နှစ် (ဘ)ဦးသိန်းဝင်း ဝါတော်မရှိ၊ သာသနာတော်ကတ် မရှိ၊ ကျောင်းအတည်တကျ မရှိ၊ (၄)လမ်း အောင်ချမ်းသာ ရပ်ကွက် ပုသိမ်မြို့ နေသူ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရှင်ဥတ္တမ လူအမည် အေးကိုဦးအား လူဝတ် လဲစေခဲ့ပြီး ၎င်းထံမှ  သက်သေခံပစ္စည်း သင်္ကန်းတစ်စုံ၊ အလှူ ခံရာတွင် အသုံးပြုသော ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ဟု စာတန်းနှင့် စာများပါသော  စာအိတ် ၃ဝ၊  အလှူခံရရှိ ထားသော ငွေစက္ကူရောရာ ငွေကျပ် ၅ဝဝဝ နှင့် အပြာရောင် ဖဲချပ် ၃၉ ချပ် တို့ကို သက်သေများ ရှေ့တွင် သိမ်းဆည်းခဲ့ပြီး အေးကိုဦးအား ပျဉ်းမနား မြို့မရဲစခန်းမှ ရဲအရေး မပိုင်မှု အမှတ်စဉ် ၂၃/၂ဝ၁၃၊ ပုဒ်မ ၂၉၅-က ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သတင်း ရရှိသည်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ