မက်လုံးတွေ လေတွေကြားထဲကနေ ခေါင်းဆောင် မင်းသမီး ဖြစ်လာတယ်ဆိုတဲ့ ခင်မေခ

မက်လုံးတွေ လေတွေကြားထဲကနေ ခေါင်းဆောင် မင်းသမီး ဖြစ်လာတယ်ဆိုတဲ့ ခင်မေခရွှေတော်ဝင် ထုတ်လုပ်ရေးက ဇာတ်ကားလေး ကားရိုက်ကူးမှာပါ။ ရွှေတော်ဝင်က ဇာတ်ညွှန်းတွေ ပေး ထားတာဖတ် နေပါတယ်။ ပထမဦး ဆုံးကတော့ ရန်ကုန်မှာ မင်းရာဇာ နဲ့ရိုက်ဖြစ်မှာပါ။ ရွှေတော်ဝင်နဲ့တော့ စာချုပ်စာတန်း အတွက် ညိုထား တယ်။ သူနဲ့လည်း ရိုက်ဖြစ်မှာပါ။ အောင်ပြည့်စုံ ထုတ်လုပ်ရေးနဲ့ ဇာတ် ကားနှစ်ကားရိုက် ထားပါတယ်။ ရွှေ တော်ဝင် ထုတ်လုပ်ရေးမှာ ရိုက်ထား တဲ့ ဇာတ်ကားတွေ အားလုံးက ခေါင်းဆောင် မင်းသမီး အနေနဲ့ ရိုက် ထားတာပါ။ ကာရိုက်တာ အပိုင်းက စပြီး စိတ်ကျေနပ်မှု ရှိပါတယ်။

ရွှေတော်ဝင် ထုတ်လုပ်ရေးကနေ သူပဲ မင်းသမီးတင်မယ် ဆိုပြီး ဇာတ်ကား တွေထွက်ပြီး နောက်မှ တရားဝင် ကြေညာမှာပါ။ အခုလိုလျှောက် လှမ်းလာတဲ့ အနုပညာခရီးလမ်း တောက်လျှောက်မှာတော့ အခက် အခဲတွေ အများကြီးဖြတ်သန်း ခဲ့ရပါ တယ်။ အရမ်းကြိုးစား ရတယ်။ တစ်ခုသိဖို့ တစ်ခုခုရဖို့ ကြိုးစားခဲ့ရ တယ်။ ညီမတို့က အနုပညာမျိုးရိုး မရှိပါဘူး။ ကိုယ့်ဘာသာကိုယ် ကြိုး စားရတယ်။ အဖေက လုံးဝခွင့်ပြုတာ မဟုတ်ပါဘူး။ အမေက နားလည်လို့ သာခုလို လျှောက်လှမ်းဖြစ်တာပါ။

မိဘတွေက ပညာရေးကို ဦးစားပေး ခိုင်းတာပါ။ Laural Art မှာ သင် တန်းတက်ရင်း သရုပ်ဆောင်ပညာ ကိုဝါသနာပါပြီးလျှောက်လှမ်းဖြစ် ခဲ့တာပါ။ ညီမတို့လို အသစ်တွေ၊ အနုပညာရှင်တွေအတွက် တချို့ဆို ရင်မက်လုံးတွေပေးပြီး ဆွဲဆောင် တာရှိတယ်။ ရှုတင်မန်နေဂျာတွေနဲ့ တွေ့ဆုံခဲ့ရပါတယ်။ ပထမဦးဆုံး MTV ရိုက်တုန်းကဆိုရင် မနက် ၆ နာရီကနေ ည ၁၂နာရီတိုင် စောင့် တာဇာတ်ဝင်ခန်းတစ်ခန်းပဲရိုက်ခဲ့ရ ပါတယ်။ အောင်ပြည့်စုံ ထုတ်လုပ် ရေးမှာ ခေါင်းဆောင်မင်းသမီးရွေးပွဲ မှာ မင်းသမီးပြိုင်ပွဲဝင်ရင်း ခေါင်း ဆောင်မင်းသမီးဖြစ်လာခဲ့တာပါ။ 

By 8 Days

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ