ဒုက္ခသည်များအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်း တည်ထောင်ပေးရန်လိုအပ်ကြောင်း ချစ်သုဝေ ပြော

လူမှုရေးပရဟိတလုပ်ငန်းများကိုဆောင်ရွက်နေတဲ့ ချစ်သုဝေ က မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး(MANA) ၊ မသန်စွမ်းသူများအဖွဲ့နဲ့ မြန်မာနိုင်ငံ အမျိုးသမီး များ ဆိုင်ရာ အခွင့်အလမ်းရရှိရေးအတွက် သံတမန်များ အဖြစ် ဆောင် ရွက်ပေးသူတစ်ဦးဖြစ်ပါတယ်။ မသန်စွမ်းသူများ ရန်ပုံငွေ ပွဲတော်အတွက် အောက်တိုဘာ ၁၇၊ ၁၈၊ ၁၉ ရက်နေ့များ မှာ MCC ခန်းမတွင်ပွဲတော်ကြီးကျင်းပဖို့ရှိပြီး ဒီပွဲတော် မှာ ချစ်သုဝေက မသန်စွမ်းသူများနဲ့အတူ သီချင်းသီဆိုဖျော် ဖြေပေးမှာဖြစ်ကြောင်း သိရပါ တယ်။ မြန်မာနိုင်ငံ အမျိုး သမီးများဆိုင်ရာ အခွင့်အလမ်း ရရှိရေးအတွက်ကို တော့အောက်တိုဘာလ၃ရက်နေ့ကျရင် နေပြည် တော် မှာ ပွဲလုပ်မှာဖြစ်ပြီး ဥပဒေကြမ်းထုတ် ဖို့ အတွက် ဆွေးနွေးကြ မှာဖြစ်တယ်လို့ သိရပါ တယ်။လူမှုကယ်ဆယ်ရေးစခန်းမှာရှိနေတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး ချစ်သုဝေက

“ထရီဇာတို့လည်း သံတမန်ဖြစ်မှ ထဲထဲဝင်ဝင်သိရတာပါ။ ဥပမာလူမှု ကယ်ဆယ်ရေး စခန်း ဆောက်တဲ့အခါကျရင် အဲဒီမှာ အမျိုး သမီးတွေရော၊ အမျိုးသားတွေေ ရာ၊ ရောနှော ပြီးထားတယ်။ ဒါပေမဲ့ အမျိုးသမီးတွေက သဘာဝတရားအရ တချို့လိုအပ်ချက် ကလေးတွေ ရှိတယ်။ သူတို့အတွက် လိုအပ်တဲ့ ပစ္စည်း တွေထောက်ပံ့ပေး ဖို့လိုတယ်။ အဲဒီစခန်းတွေ မှာနေလာ တာ တစ်နှစ်ကျော်၊ ၂နှစ်ရှိပြီ။ အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲ ဖြစ်ဖြစ်၊ ကလေးသူငယ်ပဲဖြစ်ဖြစ် သူ တို့အတွက်အသက်မွေး ဝမ်းကျောင်း တစ်ခုကိုတည် ထောင်ရ တော့မယ်။ ထရီဇာလည်း ဒီကိစ္စကို အကောင် အထည်ဖော်ဖို့ ပြောဆို ဆွေးနွေးဖြစ်တယ်။ ထရီဇာတစ်ယောက် တည်းအားနဲ့ မဖြစ်နိုင်ဘူး။ ငွေရှင်တွေအများကြီးလိုအပ်မယ်။ ငွေ ရှင်တွေ ကစားဖို့သောက်ဖို့တွေလည်း ပေးတာကပေးတာပဲ။တစ်ဖက်ကလည်း ကိုယ် ကိုယ်တိုင်ရပ်တည်နိုင်ဖို့ ထရီဇာ တို့လုပ်ပေးရမယ်။ ရင်းနှီးမြှုပ်နှံဖို့ ကို ထောက်ပံပေးမယ့်သူတွေကို ဖိတ်ခေါ်ရမယ်။ ဒါ ထရီဇာစိတ်ကူးထားတဲ့ စိတ်ကူးလေးပါ။ ဒီစိတ် ကူးကို NGO တစ်ခုကို ပြောပြထားမ ယ်။NGO ကလည်း ထရီဇာနဲ့ ပူးပေါင်းပြီးလုပ်မယ်။ ထရီဇာနဲ့ သိရာခင်ရာစီးပွားရေး လုပ်ငန်းရှင်တွေကို ဖိတ်ခေါ် ပြီး ရင်းနှီးမြှုပ်နှံဖို့လုပ်မယ်။ လုပ်ငန်းလည် ပတ်သွား မယ်ဆိုရင် အမြတ်ငွေတွေရှိလာမယ်။ အဲဒီအမြတ် ငွေတွေနဲ့ သူတို့ စားဖို့၊ သောက်ဖို့၊နေဖို့၊ထိုင်ဖို့ကို သူတို့ရဲ့လုပ်အားခတွေနဲ့ အသက်မွေး ဝမ်းကျောင်း နိုင်ပြီး ဘဝရပ် တည်ဖို့လိုတယ်” လို့ သူ့ရဲ့ စိတ်ကူးကိုပြောပါ တယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ