ယာဉ်ထိန်းတပ်ဖွဲ့ဝင်အား စကေဘာဖြင့် ထိုးသူ အဖမ်းခံ

ယာဉ်စည်းကမ်းမလိုက်နာ၍ ချလံဖြတ်အရေးယူခံရသူယာဉ်မောင်းမှ ယာဉ်ထိန်းတပ်ဖွဲ့ဝင်အား စကေဘာဖြင့်ထိုးကာထွက်ပြေးတိမ်းရှောင် နေရာမှ ၎င်းကိုယ်တိုင်လာရောက်အဖမ်းခံ

ရန်ကုန်၊ စက်တင်ဘာ ၁၂

၂၉.၈.၂၀၁၃ရက်နေ့ ၀၈၃၀အချိန်တွင် ယာဉ်ထိန်းတပ်ဖွဲ့စု(၂၇)မှ ယာဉ်ထိန်းရဲတပ်ကြပ် အုန်းကျော်၊ ဒုတပ်ကြပ် နေလင်းအောင်၊ တပ်သား လွင်မျိုးအောင်တို့သည် တာမွေမြို့နယ်၊ ပင်ရွှေညောင်လမ်းနှင့် လေးထောင့်ကန်လမ်းထောင့် လမ်းလယ်တွင် တာဝန်ထမ်းဆောင်နေစဉ် ယာဉ်မောင်းခင်မောင်ဌေး၊ မောင်းနှင်လာသည့် ယာဉ်လိုင်းအမှတ်(၁၈၇)၊ ယာဉ်အမှတ် အ/----ဘီအမ် အမျိုးအစား ခရီးသည်တင်ယာဉ်မှာ ဘေးတံခါးဖွင့်မောင်းနှင်လာသဖြင့် ချလံဖြတ်၍ အရေးယူခဲ့သည်ကို ယာဉ်မောင်းခင်မောင်ဌေးမှ မကျေနပ်သဖြင့် ၁၅၃၀အချိန်တွင် ပြန်လည်ရောက်ရှိလာပြီး အသင့်ယူဆောင် လာသော
စကေဘာဖြင့် လိုက်လံထိုးခဲ့ရာ ရဲတပ်ကြပ်အုန်းကျော်တွင် ယာလက်သန်းပြတ်ရှဒဏ်ရာနှင့် ရဲတပ်သားလွင်မျိုးအောင်တွင် ၀ဲဘက်ခါးထိုးသွင်ဒဏ်ရာများရရှိခဲ့သဖြင့် ယာဉ်ထိန်းတပ်ဖွဲ့စုမှူးမှ ခင်မောင်ဌေးအား အရေးယူပေးရန်တိုင်ကြားခဲ့၍ တာမွေမြို့မရဲစခန်း (ပ)၃၇၉/၂၀၁၃၊ ပြစ်မှုပုဒ်မ-၂၉၄/၃၃၃/၅၀၆ဖြင့် အရေးယူဆောင်ရွက် ခဲ့ပြီး ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအမှုမှ ခင်မောင်ဌေး(ဘ)ဦးမောင်မောင်၊(၇၁)ရပ်ကွက်၊ ဒဂုံတောင်မြို့နယ်နေသူမှာ ထွက်ပြေး တိမ်းရှောင်နေခဲ့သဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိစဉ် ၁၂.၉.၂၀၁၃ ရက်နေ့ ၁၁၀၀အချိန်
တွင် ၎င်းကိုယ်တိုင် ဒဂုံတောင်မြို့မရဲစခန်းသို့လာရောက်အဖမ်းခံခဲ့သဖြင့် ဒဂုံတောင်မြို့မရဲစခန်းမှတဆင့် တာမွေမြို့မရဲစခန်းသို့ လွှဲပြောင်းပေးအပ် ခဲ့၍ အမှုဖြင့်ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ