အခြားတစ်ဖက်၏အမ်တီဗီဖြင့် ပရိသတ်ရှေ့ပြန်လာမယ့် မြတ်သူအောင်

ဓာတ်ပုံ-ကျော်ဇင်သန်း

လွန်ခဲ့သည့်တစ်နှစ်ခန့်က ထွက်ရှိထားသော ပထမဆုံး တစ်ကိုယ်တော်စီးရီး အခြားတစ်ဖက်၏ အမ်တီဗီရိုက်ကူးမှုအားလုံး ပြီးစီးသွား၍ အောက်တိုဘာလထဲတွင်ထွက်ရန်  စီစဉ်နေကြောင်း မော်ဒယ်သရုပ်ဆောင် မြတ်သူအောင်ကပြောသည်။

ယင်းစီးရီးတွင် သီချင်းတိုင်း၌ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားပြီး ၀ိုင်းစုခိုင်သိန်း၊ သင်ဇာဝင့်ကျော်၊ နန်းဆုရတီစိုး စသည့် မော်ဒယ်များနှင့် ရိုက်ကူးထားကြောင်း ၄င်းကပြောသည်။
““ဒီခွေထဲမှာ သီချင်းတိုင်းကို ပရိသတ်ကြီးမတွေ့ဖူးသေးတဲ့ ပုံစံတွေ၊ အိုင်ဒီယာအသစ်တွေနဲ့ ဖန်တီးထားပါတယ်””ဟု မြတ်သူအောင်က ပြောသည်။
အမ်တီဗီထွက်ရှိနိုင်ရန် ကြိုးစားနေသောကြောင့် အခြားအနုပညာလှုပ်ရှားမှုများမလုပ်ဖြစ်ဟု ၄င်းကဆိုသည်။ မြတ်သူအောင်သည် City FM (၁၁)နှစ်ပြည့်တေးစီးရီးတွင် နီနီခင်ဇော်နှင့်အတူ  “တားဆီးလို့မရနိုင်တာအချစ်” သီချင်းကို သီဆိုထားသည်။

7Day Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

သတင်းစာနှင့် ဂျာနယ်များ