မျိုးဆက်သစ်ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ သရေပွဲများ

အကြိတ်အနယ်ယှဉ်ပြိုင်နေသော မျိုးဆက်သစ် ရိုးရာလက်ဝှေ့ပွဲစဉ်တစ်ပွဲ ဓာတ်ပုံ - ကျော်ဇင်သန်း

မျိုးဆက်သစ် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို စက်တင်ဘာ ၈ ရက်က ရန်ကုန်မြို့ သိမ်ဖြူအားကစားကွင်းတွင် ကျင်းပခဲ့ရာ ပွဲစဉ်အများစုမှာ သရေပွဲများဖြင့်သာ အဆုံးသတ်ခဲ့သည်။

အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် မျိုးဆက်သစ် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲအပြင် အရှေ့တောင်အာရှ ဆီးဂိမ်းအကြို ““မွေ”” အမျိုးသမီးလက်ရည်စစ်ပွဲကိုပါ ထည့်သွင်းယှဉ်ပြိုင်စေခဲ့သည်။

မျိုးဆက်သစ် မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲတွင် မျိုးဆက်သစ်လက်ဝှေ့လူငယ်များ၏ ကြားထိုးပွဲများကိုလည်း ထည့်သွင်းကျင်းပခဲ့ရာ လူငယ်များပီပီ ထိုးအားပြင်းပြင်းဖြင့် ထိုးသတ်ကြရာ ပရိသတ်များ အထူးအားပေးခဲ့ကြသည်။ မျိုးဆက်သစ်လက်ဝှေ့လူငယ်ပွဲများတွင် သုံးချီပွဲ၊ သုံးချီ အထူးပွဲများကို တွဲဆိုင်း ၁၀ ဆိုင်းဖြင့် ယှဉ်ပြိုင်ထိုးသတ်ကြရာ ပွဲစဉ်အများစုမှာ အရှုံး၊ အနိုင်မပေါ်ဘဲ ပူးတွဲသရေဖြင့် အဆုံးသတ်နိုင်ခဲ့သည်။

သုံးချီအထူးထိုးသတ်ပွဲအဖြစ် ရှမ်းလေး(၀ါဆို)နှင့် မောင်ကောင်း (T & T)တို့ပွဲတွင် အကြိတ်အနယ်ယှဉ်ပြိုင်ထိုးသတ်ကြပြီး သရေပွဲဖြစ်ခဲ့သည်။ လှစ်လှစ်လေး(အဖြူရောင်သွေးသစ်)နှင့် မြှားထက်အောင် (မြှားထက်ကျော်)တို့၏ ငါးချီပွဲတွင်လည်း အနိုင်အရှုံးမပေါ်ဘဲ သရေပွဲဖြစ်ခဲ့သည်။

လေးညှို့ရှင် (သတ္တိ)နှင့် ရဲရင့်(နဂါးမာန်)တို့၏ ငါးချီထိုးသတ်ပွဲနှင့် ၀ဏ္ဏ(အဖြူရောင်သွေးသစ်)နှင့် ဒေါင်းညိုလေး (Top One)တို့ ပွဲစဉ်များမှာလည်း သရေပွဲဖြင့်သာ ပြီးဆုံးခဲ့သည်။

အမျိုးသမီး ““မွေ”” လက်ရည်စစ်ပွဲတွင် ၄၈ ကီလိုဝိတ်တန်း၌ ရွှေစင်ဝင့်ဝါ(တနင်္သာရီ)နှင့် လှယဉ်မေ(ရခိုင်)တို့ ပွဲစဉ်တွင် လှယဉ်မေက အနိုင်ရရှိခဲ့သည်။ ၅၁ ကီလိုဝိတ်တန်းတွင် ဂရေ့စ်(ဧရာဝတီ)က နန်းခင်စိုး (မကွေး)ကို အနိုင်ရရှိခဲ့ပြီး ၆၀ ကီလိုဝိတ်တန်းတွင် သူဇာဟန်(ပဲခူး) က နော်ချဲဖော(ကရင်)ကို အနိုင်ရခဲ့သည်။ မျိုးဆက်သစ် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် လက်ဝှေ့ဟန်ရေးပြအကောင်းဆုံးအဖြစ် ဆုငွေကျပ်တစ်သိန်း ချီးမြှင့်ခဲ့ရာ ဖိုးလပြည့်(ရွှေဖူး)က ရရှိခဲ့သည်။

7day daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ