ရီးယဲလ်တွင် တိုက်စစ်မှူးအဖြစ် ဘေးလ်ကစားရဖွယ်ရှိနေ

ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၈၆)သန်းဖြင့် ဝယ်ယူခဲ့သော ဘေးလ်အနေဖြင့် ဘာနေဗျူးတွင် ၎င်းအားအသန်ဆုံး ဘယ်တောင်ပံလူ နေရာထက် အတွင်းဝင်ကာ ဗဟိုတိုက်စစ်မှူးအနေဖြင့် ကစားရဖွယ် ရှိနေကြောင်း သိရရီးယဲလ်မက်ဒရစ် အသင်းတွင် ဂါရတ်သ်ဘေးလ် အနေဖြင့် တိုက်စစ်မှူး နေရာကို တာဝန်ယူရဖွယ် ရှိနေကြောင်း အသင်း၏ လက်ထောက်နည်းပြ ပေါလ်ကလီးမန့်က အရိပ်အမြွက် ပြောကြားလိုက်သည်။

အပြောင်းအရွှေ့ ဈေးကွက်ပိတ်ရက်တွင် တော့တင်ဟမ် ဟော့စပါးမှ စပါးသို့ ကူးပြောင်းလာသည့် ဝေလ လက်ရွေးစင် ဘယ်တောင်ပံ တိုက်စစ်သမားသည် လက်ရှိအချိန်တွင် ရီးယဲလ်အတွက် တစ်ပွဲမျှ မကစားရသေးချေ။ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၈၆)သန်းဖြင့် ဝယ်ယူခဲ့သော ဘေးလ်အနေဖြင့် ဘာနေဗျူးတွင် ၎င်းအားအသန်ဆုံး ဘယ်တောင်ပံလူ နေရာထက် အတွင်းဝင်ကာ ဗဟိုတိုက်စစ်မှူးအနေဖြင့် ကစားရဖွယ် ရှိနေကြောင်း သိရသည်။ လတ်တလောတွင် ရီးယဲလ်၌ တိုက်စစ်မြားဦးစစ်စစ် ကစားသမားဟူ၍ ကီရင် ဘန်ဇီးမား တစ်ဦးသာ ရှိသည်။

အသက်(၂၄)နှစ်ရှိ ကစားသမားကို အသုံးပြုနိုင်ခြေနှင့် ပတ်သက်ပြီး BBCက ကလီးမန့်ကို မေးမြန်းရာ ၎င်းက "ဘေးလ်ဟာ ဂိုးသွင်းနိုင်တဲ့ ပါရမီမျိုးရှိ တယ်။ အသင်းဖော်တွေ ဂိုးသွင်းနိုင်ဖို့ ဖန်တီးပေးတဲ့ စွမ်းရည်လည်း မြင့် တယ်။ နောက်ပိုင်းမှာ သူဟာ ဗဟိုကို ပိုပြီး ချဉ်းကပ် ကစားလာတာ သတိထားမိပါတယ်။ ဘေးလ်က စွယ်စုံရတဲ့ ကစားသမားပါ။ ကျွန်တော်တို့ လိုလားတဲ့ နေရာမှာ သူကစားနိုင်ပါလိမ့်မယ်"ဟု ဖြေကြားခဲ့သည်။ ၎င်းက ဆက်လက်၍ "နည်းပြ ကာလိုအန်ဆလော့တီမှာ ဘေးလ်အတွက် ရှင်းလင်းတဲ့ စိတ်ကူးတစ်ခုတော့ ရှိပြီးသားပါ။ ကျွန်တော်တို့မှာ စိတ်လှုပ်ရှားစရာ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပါပြီ။ ဘန်ဇီးမားမှာ သိပ်ကို ထင်ရှားတဲ့ အရည်အသွေးကောင်းတွေ ရှိပါတယ်။ အစ္စကိုက ကွင်းလယ်လူ ဆိုပေမယ့် (၃)ဂိုး သွင်းထားပြီးပြီ။ သူတို့နဲ့ ဘေးလ် ဘယ်လို တွဲကစားမယ် ဆိုတာက စိတ်လှုပ်ရှားစရာပါပဲ"ဟုလည်း မှတ်ချက်ပြု သွားသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ