အရက် အလွန်အကျွံသောက်၍ မီးပုံပေါ်လဲကျသည့် ကိုရီးယားလူမျိုး တစ်ဦး မီးလောင်ဒဏ်ရာများဖြင့် သေဆုံး

ရန်ကုန် ၊ ၂၄-၉-၂ဝ၁၃

ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်း မြို့နယ် ကမ္ဘာ့ ဗုဒ္ဓဝိပဿနာ ကျောင်းဝန်း အတွင်းရှိ ကရုဏာရှင် ကုသိုလ်ဖြစ် ဆေးခန်း၌ စက်တင်ဘာ ၂၁ ရက်နေ့ ညပိုင်းက ကိုရီးယား နိုင်ငံသား တစ်ဦး မီးလောင် ဒဏ်ရာဖြင့် သေဆုံး ခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ ကိုရီးယား နိုင်ငံသား Mr. SOHN YONG CHAN ၇၇ နှစ် ၊ ဗီဇာအမှတ် T- 2079 / 2000 ( ဗီဇာ အမျိုးအစား နှင့် ကိုရီးယား နိုင်ငံ လိပ်စာ စုံစမ်းဆဲ ) ကမ္ဘာ့ ဗုဒ္ဓဝိပဿနာ ကျောင်း ၊ ပန်းဥယျာဉ် လမ်း၊ (၅)ရပ်ကွက် ၊ မရမ်းကုန်း မြို့နယ် နေသူ ဖြစ်ပြီး ၄င်းသည် ၂ဝဝဝ ပြည့်နှစ် ၊ ဇန်နဝါရီ ၂၄ ရက်နေ့မှ စ၍ အဆိုပါ ဝိပဿနာ ကျောင်းသို့ ရောက်ရှိ နေထိုင်ခြင်း ဖြစ်ကာ ၂ဝ၁၃ ခုနှစ် ၊ စက်တင်ဘာ ၁၆ ရက်နေ့ ညပိုင်းတွင် အရက်သေစာ သောက်စား မူးယစ်ပြီး ကျောင်းဝင်း အတွင်းရှိ အမှိုက်များ မီးရှို့စဉ် မီးပုံပေါ်သို့ လဲကျသွားရာ ခန္ဓာကိုယ် ကျောဘက် နှင့် ဝဲလက်တို့တွင် မီးလောင် ဒဏ်ရာများ ရရှိခဲ့ သောကြောင့် ကျောင်းဝင်း အတွင်း၌ ဖွင့်လှစ် ထားသည့် ကရုဏာရှင် ကုသိုလ်ဖြစ် ဆေးခန်း၌ ကုသခဲ့ ရာမှ စက်တင်ဘာ ၂၁ ရက်နေ့ ည ၈ နာရီတွင် သေဆုံးသွား ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ၏ ရုပ်အလောင်း အား မြောက်ဥက္ကလာပ ဆေးရုံသို့ ပို့အပ်ကာ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ် ၊ မဟုတ် စစ်ဆေးနိုင်ရန် မရမ်းကုန်း မြို့မရဲစခန်း မှ သေမှုသေခင်း အမှတ်စဉ် ၂၃/၁၃ ဖြင့် စက်တင်ဘာ ၂၂ ရက်နေ့ နံနက် ၈ နာရီတွင် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။

by ပြည်ချစ်သား


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ