ထူးထူးခြားခြား စံချိန်သစ်တစ်ခု တင်နိုင်ခဲ့သည့် မိုင်လီဆိုင်းရပ်စ်

Miley Cyrus တို့ လုပ်ချလိုက်ပြန်ပြီ။ Wrecking Ball Music Video ရိုက်ကွင်းက ပုံပါ။










ထူးထူးခြားခြား စံချိန်သစ်တစ်ခု တင်နိုင်ခဲ့သည့် မိုင်လီဆိုင်းရပ်စ် မိုင်လီ၏ အသစ်ထွက်ရှိမည့် Bangerz အယ်လ်ဘမ်မှ သီချင်းတစ်ပုဒ်၏ ဖြတ်ပိုင်းဗီဒီယိုကို အင်တာနက်တွင် လွှင့်တင်ရာ တစ်ရက်အတွင်း ကြည့်ရှုသူ အများဆုံး စံချိန်တင်သွားခဲ့

MTV၏ ဂီတဗီဒီယို ဆုပေးပွဲ ဖျော်ဖြေမှု ဂယက်ကြောင့် ဝေဖန်မှုများရော၊ လူစိတ်ဝင်စားမှုများပါ ရရှိခဲ့သည့်နောက် မိုင်လီဆိုင်းရပ်စ်သည် ထူးထူးခြားခြား စံချိန် တစ်ရပ်ပါ ထပ်မံ ရရှိလာကြောင်း သိရှိရသည်။ သူမ၏ အသစ်ထွက်ရှိမည့် Bangerz အယ်လ်ဘမ်မှ သီချင်းတစ်ပုဒ်၏ ဖြတ်ပိုင်းဗီဒီယိုကို အင်တာနက်တွင် လွှင့်တင်ရာ တစ်ရက်အတွင်း ကြည့်ရှုသူ အများဆုံး စံချိန်တင်သွားခဲ့သည်။ အဆိုပါ ဗီဒီယိုထဲတွင် အသက်(၂၀) အရွယ်ရှိ အဆိုတော် မင်းသမီးသည် လုံးဝ ဝတ်လစ်စားလစ် ဖြစ်နေပြီး သံကြိုးတပ်ထားသည့် သတ္တုဘောလုံးကြီး တစ်ခုပေါ်တွင် ရှိနေသည့် ပုံရိပ်များ ပါဝင်သလို တူကြီးတစ်လက်ကို လျှာဖြင့်လျက်ကာ မြှူဆွယ်သည့် အမူအရာမျိုး ပြုလုပ်နေသည်ကိုလည်း တွေ့ရှိရသည်။ ထိုဗီဒီယိုသည် YouTube၏ ဗီဒီယို ပလက်ဖောင်း တစ်ခုဖြစ်သော Vevoတွင် လွှင့်တင်ခဲ့ရာ (၂၄)နာရီအတွင်း ကြည့်ရှုသူ (၁၂.၃)သန်း ရှိခဲ့သည်။

ထို့ကြောင့် ယခင်စံချိန်ဟောင်းဖြစ်သည့် One Direction အဖွဲ့၏ (၂၄)နာရီအတွင်း ကြည့်ရှုသူ (၁၀.၉)သန်း ရှိခဲ့သော Best Song Everကို သက်တောင့်သက်သာပင် ကျော်တက်သွားခဲ့သည်။ အင်တာနက် ဗီဒီယို မှတ်တမ်းတွင် စံချိန်သစ် တစ်ခုကို ရရှိခဲ့သော်လည်း ထိုဗီဒီယိုနှင့် ပတ်သက်ပြီး မိုင်လီအနေဖြင့် ပြင်းထန်သော ဝေဖန်မှုများနှင့်လည်း ကြုံခဲ့ရသည်။ ဗီဒီယိုကို ကြည့်ရှုခဲ့သူ တစ်ဦးက "ကလေးတွေတော့ အတုခိုး မှားမှာပဲ။ သူတော့ ဘာထင်နေတယ် မသိဘူး။ ကြည့်ရတာ အပြာဇာတ်ကား ကျနေတာပဲ"ဟု မှတ်ချက်ပြုခဲ့သည်။ ဗီဒီယိုထဲတွင် မိုင်လီသည် အဖြူဝမ်းဆက် အတွင်းခံ အဝတ်အထည်များဖြင့် တူကြီးတစ်လက်ကို ထုနှက်နေကြောင်းလည်း တွေ့ရသည်။ မိုင်လီသည် ယခင်က We Can't Stop ဗီဒီယိုဖြင့် (၂၄)နာရီအတွင်း ကြည့်ရှုသူ (၁၀.၇)သန်း စံချိန် တင်ခဲ့ဖူးသော်လည်း One Direction အဖွဲ့က ကျော်တက်ခဲ့ပြီး ယခုနောက်တစ်ဖန် ပြန်လည် အသာရခဲ့ခြင်းဟု သိရှိရသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ