ပျံသန်းချိန်အတွင်း အိပ်ပျော်လေ့ရှိသည့် ဗြိတိန်မှ လေယာဉ်မှူးများ

ဗြိတိန်မှ စစ်တမ်းတစ်ခုအရ ဗြိတိန်လေယာဉ်မှူး တစ်ဝက်ကျော်ခန့်ဟာ ခရီးစဉ်ပျံသန်းနေစဉ် အတွင်း အိပ်ပျော်နေတတ်ကြကြောင်း

သိရပါတယ်။ ပြီးခဲ့တဲ့လမှာ ဗြိတိန်ခရီးသည် လေယာဉ် တစ်စင်းမှ လေယာဉ်မှူးနှစ်ဦးဟာ ခရီးစဉ်အတွင်း အိပ်ပျော်နေတာကို တွေ့ရှိခဲ့ပြီးနောက် ယခုလို စစ်တမ်းပြုစုခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါ စစ်တမ်းအကြောင်းကို ယမန်နေ့က ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပြီး ဗြိတိန်လေယာဉ်မှူး ၆ဦးအနက် ၁ဦးဟာ အိပ်ပျော်နေလေ့ရှိကြောင်း စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ဒီစစ်တမ်းနဲ့ ပတ်သက်ပြီး ဗြိတိန်ပြည်တွင်း လေကြောင်းဦးစီးဌာန CCA ကတော့ လေယာဉ်တွေမှာ အလိုလျောက် ထိန်းချုပ်စနစ်ပါဝင်တာကြောင့် လေယာဉ်မှူးတွေ အိပ်ပျော်တာဟာ သီးခြားပြဿနာဖြစ်ပြီး ခရီးသည်တွေရဲ့ ဘေးကင်း လုံခြုံရေးကိုတော့ ထိခိုက်စေမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် CCA က လေယာဉ်မှူးနဲ့ လက်ထောက် လေယာဉ်မှူးတွေဟာ ကြာမြင့်တဲ့ ခရီးစဉ်တွေကို မောင်းနှင်ရာမှာ နှစ်ညအတွင်း ငါးနာရီလောက်သာ အိပ်စက်ရပြီး အလွန်ပင်ပန်းတာကြောင့် အိပ်ပျော်ကြဟန်ရှိပြီး မိနစ် ၂၀အလှည့်ကျစနစ်နဲ့ အိပ်စက်နေစဉ်အတွင်း အိပ်မောကျသွားခြင်းမျိုး ဖြစ်နိုင်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ဗာဂျင်လေကြောင်းလိုင်း ပိုင်ရှင်ကလည်း လေယာဉ်မှူး အိပ်ပျော်တဲ့ လေကြောင်းတွေထဲမှာ မိမိတို့ ပါဝင်ကြောင်း ၀န်ခံပြောကြားခဲ့ပေမယ့် လေယာဉ်မှူးနှစ်ဦးလုံး အိပ်ပျော်ခြင်း မဟုတ်ကြောင်းကိုတော့ ငြင်းဆိုခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဗြိတိန်လေယာဉ်မှူးများ အဖွဲအစည်းကတော့ ခရီးစဉ်ရေးဆွဲမှုနဲ့ လေကြောင်းတွေရဲ့ ၀န်ထမ်းတာဝန် ရေးဆွဲမှုဇယားအပေါ် အပြစ်တင်ခဲ့ကြောင်း သိရပါတယ်။

MRTV-4


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ