၂၅ နှစ်ကျော် မှ အိမ်ထောင်ရေးကို စဉ်းစားမယ့် ဝါဆိုမိုးဦး

အနုပညာ လောကကို ကလေး သရုပ်ဆောင် ကနေ စတင် ဝင်ရောက် လာပြီး ခုချိန်မှာ ပရိသတ် အားပေးမှု ရရှိထားသူ ကတော့ ဝါဆိုမိုးဦး ပဲ ဖြစ်ပါတယ်။ လတ်တလော မှာတော့ ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးနေတဲ့ ဝါဆိုမိုးဦး က ဇာတ်ကား တစ်ကား ရိုက်တော့မယ် ဆိုရင် ဇာတ်ညွှန်းကို အရင် ဖတ်ကြည့်ပြီး မှ လက်ခံ ဖြစ်ကြောင်း ပြောလာ
ပါတယ်။ “ဝါဆိုက လိုက်ဖက်မယ့် ဇာတ်ရုပ်တွေကိုပဲ ပိုပြီး ရိုက်ဖြစ်တာ များပါတယ်။” လို့ပြောပါတယ်။

နောက်ပိုင်းမှာ ဆင်ဆာ လွတ်လပ်ခွင့်တွေ ရရှိလာပေမယ့် ရိုက်သင့်တဲ့ အခန်း တွေရှိသလို၊ မရိုက်သင့်တဲ့ အခန်းတွေလည်း ရှိကြောင်း ဝါဆိုမိုးဦးက “ဆင်ဆာတွေ ရလာပေမယ့် ရိုက်သင့်တာတွေ ရှိသလို မ ရိုက် သင့်တာတွေ လည်း ရှိတယ်။ ဝါဆို့ အနေနဲ့တော့ မပြောချင်ပါဘူး။ ဝါဆိုကတော့ ဟိုလို အခန်းတွေတော့ မရိုက်ဘူးလို့ ဆုံးဖြတ်ထားပါတယ်” လို့ပြောပါတယ်။ အသက် ၂၅ နှစ် ကျော်လောက် မှ အိမ်ထောင်ပြုမယ် လို့ စဉ်းစားထားတဲ့ ဝါဆိုမိုးဦး က အချစ်နဲ့ ပတ်သက်ပြီး “လတ်တလော အချစ်ရေးကတော့ ငြိမ်နေပါတယ်။

ဝါဆို အနေနဲ့ပြောရရင် ချစ်ပြီးရင်တော့ တစ်ယောက်နဲ့တစ်ယောက် သစ္စာ ရှိရှိ နဲ့ ချစ်ဖို့ပဲ အရေးကြီးတယ်။ အများ ပြောကြတာက အချစ်ဆိုတာ အေးမြ
တယ်တဲ့။ အေးမြမှု ထက် ပူလောင်မှုက ပိုများတယ်လို့ ဝါဆို ထင်တယ်။

ဝါဆိုက အသက်၂၅၊ ၂၆ နှစ်လောက်မှ ယူဖြစ်မှာပါ။

ကိုယ်ယူမယ့် ယောက်ျားက အိမ်ဦး နတ် ဖြစ်မှာဆိုတော့ မားမားမတ်မတ်နဲ့ ရပ်တည်နိုင်မယ့် ယောက်ျားကောင်း တစ်ယောက် ဖြစ်ရမယ်လို့ စဉ်းစား
ထားတယ်” လို့ပြောပါတယ်။

popular myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ