အဆိုတော် ဂျက်မြသောင်း၏ လတ်တလော ပြဿနာ

အိပ်မက်ဆုံရာ Season 5၊ ဖိုင်နယ် ပွဲစဉ်၌ အဆိုတော် ဂျက်မြသောင်း ၏ သီချင်း တစ်ပုဒ်ကို ပိုင်ရှင် ခွင့်ပြုချက် မရဘဲ ယူသုံးခဲ့သော ကြောင့် ခွင့်ပြု ချက် တောင်းခံ သင့်ကြောင်း၊ ဂီတ အစည်းအရုံး အနေဖြင့်လည်း တာဝန် ယူ ဖြေရှင်းသင့်ကြောင်း၊ သီချင်း သီဆိုသူနှင့် လည်းကောင်း၊ အဖွဲ့အစည်း ကို လည်းကောင်း ဥပဒေ အရ ရှင်းမှာ ဖြစ်ကြောင်းကို ပေါ်ပြူလာ ဂျာနယ်သို့ ၈-၉-၂ဝ၁၃ နေ့က အောက်ပါ အတိုင်း ပြောသည်။

“ကျွန်တော့် သီချင်းခွေကို ဘယ် သူ့ကိုမှ ရောင်းချခွင့် ပေးမထားဘူး။ သီချင်းတွေ ကိုလည်း ဘယ်သူ့ ကိုမှ မရောင်းခဲ့ဘူး။ အခု အဓိက ပြောချင် တာက အိပ်မက် ဆုံရာပေါ့။ ကျွန် တော့်သီချင်းကို ခွင့်ပြုချက် မပေးဘဲ၊ မရဘဲ ပြိုင်သွားတယ်။ ပြိုင်ပွဲမှာ ကျွန်တော့် သီချင်းနဲ့ ပြိုင်မယ် ဆိုရင် ကျွန်တော့် ဆီမှာ ခွင့်တောင်း၊ ကြိုက် တဲ့လူ လာတောင်း၊ လာတောင်းရင် အလကား ပေးပစ်မှာ။ ကျွန်တော့် အနေနဲ့ ကလေးတွေ ဆိုတာကို ပို လို့ တောင် ဝမ်းသာပါတယ်။ ပိုလို့ တောင် လက်ကမ်း ကြိုတယ်။ ဒါပေမဲ့ လာပြီး ခွင့်မတောင်းဘူး။ ကျွန်တော့် သီချင်း ကျွန်တော် ပိုင်တယ်လေ။ ဒါက ကျွန်တော့်ရဲ့ ကိုယ်ပိုင် အခွင့် အရေးပဲ။ ဂီတ အစည်းအရုံးကို ပြီးခဲ့ တဲ့ ၂ဝ၁၂၊ ဒီဇင်ဘာ ၁၇ ရက်နေ့ က စာတင်ခဲ့တယ်။ တားမြစ်တဲ့စာ။ “အဆိုတော် ဂျက်မြသောင်း ကိုယ်တိုင်ရေးသား သီဆိုသော သီချင်း များကို ကျွန်တော်၏ ခွင့်ပြုချက် တစ်စုံတစ်ရာ မရဘဲ မည်သည့် ပြိုင်ပွဲတွင်မှ သီဆို ခွင့်မပြုရန် ဂီတအစည်း အရုံးကနေ တစ်ဆင့် တားဆီးပေးပါရန်” ဆိုပြီး စာတင်ခဲ့တယ်။ အဲဒီလို တင်ထားတဲ့ကြားက ဖြစ်သွားတယ်။ ဒီ “နှလုံးသွေးများ ရပ်တန့်သွားပါစေ ချစ်နေမယ်” သီချင်းကို ကျွန်တော့် ဘဝ နဲ့ ရင်းခဲ့ရတာလေ။ ပေးဆပ်ခဲ့ ရတာလေ။ အလကား တစ်ခုမှ မရခဲ့ဘူး။ စာတင် ပြီးတာက ၂ဝ၁၂ ဒီဇင်ဘာ၊ ၁၇ရက် ပြိုင်တာက ၂ဝ၁၃ မတ် ၊ဒါက လုံးဝ သဘာဝမ ကျဘူး။ မူပိုင် သီချင်း၊ ကိုယ်ပိုင် သီချင်း ဆိုတာ သူတို့ မသိကြလို့လား။ သီချင်း တစ်ပုဒ် ရဲ့ တန်ဖိုး ဘယ်လို ဖြတ်မလဲ။ ပရိသတ် လက်ခံ အားပေးပြီးသား ဆိုတော့ တန်ဖိုးဖြတ် ရတာ ပိုခက်တယ်။ ကျွန်တော်က ဒုတိယ အကြိမ် စာထပ်တင်တယ်။ အောက်မှာ “ဒုတိယ အကြိမ် ပြန်တင်ခြင်း ဖြစ်ပါသည်” လို့။ ပြီးခဲ့တဲ့ တစ်လကပဲ ထပ်တင်ခဲ့တာ။ ဒါလည်း ဘာမှ အကြောင်းမပြန်ဘူး။ ဒါကို သူတို့ အနေ နဲ့ လေးလေး နက်နက် ဖြေ ရှင်းပေး စေချင်တယ်” လို့ ပြောလာပါတယ်။

အဆိုပါ ကိစ္စနဲ့ စပ်လျဉ်းပြီး မြန်မာနိုင်ငံ ဂီတ အစည်းအရုံး ကို ဆက် သွယ် မေးမြန်းရာ ဂီတ အစည်းအရုံး မှ တွဲဖက် အတွင်းရေးမှူး ဦးဇော်ထူးအောင် က “ဦးတို့ အနေနဲ့ လူတစ်ယောက် ရဲ့ အခွင့်အရေး၊ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို တားဆီးပိုင် ခွင့်မရှိပါဘူး။ တားဆီး ပိတ်ပင်လို့လည်း မရဘူး။ အဆိုတော် ဂျက်မြသောင်း မှာ ပြဿနာနှစ်ခု ရှိနေတယ်။ တစ်ခု က ဒါရိုက်တာ မဟာ ကိစ္စ၊ အဲဒါက ရှင်းပြီးသွားပြီ။ နောက်တစ်ခုက အိပ်မက်ဆုံရာ ကိစ္စပေါ့။ အဲဒါကိုတော့ အဆိုတော် ဂျက်မြသောင်း နဲ့ စက်တင် ဘာ ၁၉ ရက် နေ့ ဂီတ အစည်း အရုံးမှာ တာဝန်ရှိ လူကြီးတွေ နဲ့ရှင်းကြမယ်။ အဆိုတော် ဂျက်မြသောင်းက အခု မန္တလေး ရောက်နေတော့လေ။ ပြေ လည်အောင်၊ ရှင်း လင်းအောင် ရှင်းကြမှာပါ။ တစ်ဦး တစ်ယောက် ရဲ့ လုပ်ပိုင်ခွင့်ကို တားဆီးရင် မတရားရာကျမယ်။ ဦးတို့ အနေနဲ့လည်း မှန်ကန်တဲ့ အထောက် အထားတွေ နဲ့ ပြေလည်အောင် ရှင်းမှာပါ” လို့ ပြောပါတယ်။

Mဘွယ်

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ