တောင်ငူတွင် “ ကြယ်ကြွေည ၂၅ ”ခေါင်စဉ်ဖြင့် စာပေဟောပြောပွဲနှင့် ရှစ်လုံးလေးလုံး အရေးတော်ပုံတွင် ကျဆုံးသွားသူများအတွက် အောက်မေ့ဘွယ် အခမ်းအနားကျင်းပမည်

တောင်ငူ၊ စက်တင်ဘာ ၁၆

                          ရှစ်လေးလုံးအရေးတော်ပုံတွင် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရင်းကျဆုံးသွားသူ များအတွက် ၂၅ နှစ်ပြည့် အောက်မေ့ဘွယ်အခမ်းအနား နှင့်  စာပေဟောပြောပွဲကို စက်တင်ဘာ ၁၉ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါပွဲကို အဓိကစီစဉ်သူ တောင်ငူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအောင်ဇေယျ ကပြောပါသည်။

                                           ရှစ်လေးလုံးအရေးတော်ပုံတွင် တပ်မတော်မှအာဏာသိမ်းယူပြီးနောက် ၁၉.၉.၈၈ ရက်နေ့တွင် တောင်ငူမြို့ ရွှေဆံတော်ဘုရား ကုန်းတော် ( ဒီမိုကရေစီတပ်ပေါင်းစု သပိတ်စခန်း ) အား တပ်မတော်မှ ဖြိုခွင်းမှုတွင် ကျဆုံးသွားခဲ့သည့် ကိုစိုးကြီး၊ ကိုဇော်ဝင်းထွန်း၊ အလီ၊ တင်ဦး၊ ဒေါ်သိန်းကြည့် တို့နှင့် နိုင်ငံတ၀န်း ဒီမိုကရေစီအတွက် အသက် စွန့်လှူသွားသူများအတွက် ဂုဏ်ပြုကျင်းပရခြင်းဖြစ်ကြောင်းသိရသည်။

                                          ယင်းအခမ်းအနားတွက် သက်ဆိုင်ရာအာဏာပိုင်များထံမှ ခွင့်ပြုချက်ရယူထား ပြီးဖြစ်ပြီး ၈၈ မျိုးဆက်ပွင့်လင်းလူအဖွဲ့အစည်းမှ မင်းကိုနိုင်၊ ဂျင်မီ နှင့် စာရေးဆရာ ညီမင်းညို တို့မှ ““ကြွယ်ကြွေည ၂၅ ”” ခေါင်းစဉ်ဖြင့် ဟောကြားသွားမည်ဖြစ်ပြီး တောင်ငူခရိုင် ခပေါင်းခန်းမကြီးတွင် စက်ဘာလ ၁၉ ရက်နေ့ ည ၇ နာရီ ဟောပြောမည်ဖြစ်ကြောင်းသိရသည်။

                                              ထိုအပြင် ကျဆုံးသွားခဲ့သူ ၅ ဦးအားဂုဏ်ပြုသည့်အနေဖြင့် ၈၈ အရေးအ ခင်းကာလ က သပိတ်စခန်းတစ်ခုဖြစ်ခဲ့သည့် စည်ပင်ဂိုဏ်းအုပ်ဘုန်းကြီးကျောင်းအတွက် စိုက်ထူသွားမည်ဖြစ်ကြောင်းသိရသည်။ သံဃာတော်များအား မနက်အာရုံဆွမ်းနှင့် သင်္ကန်းများဆက်ကပ်လှူဒါန်းပြီး ကျဆုံးသွားသူများအတွက် အမျှပေးဝေသွားမည်ဖြစ်ကြောင်းသိရသည်။ အခမ်းအနားအစီစဉ်တစ်ခုဖြစ်သည့် တောင်ငူအကျဉ်းထောင်အတွင်းမှ အကျဉ်းသား ၇၀၀ ဦးအား ဒံပေါက်ထမင်း တစ်နေ့တာဒါနပြုသည့်အစီအစဉ်အား ထောင်အာဏာပိုင်များက လှူဒန်းမှုအားခွင့်ပြုသောလည်း အလှူရှင်များ ကိုယ်တိုင်ကိုယ်ကျလှူဒါန်းမှုကိုခွင့်မပြုပေး ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်ခဲ့သူ ဦးအောင်ဇေယျမှ ဆက်လက်ပြောကြားသည်။

                                     ““ စစ်တပ်ကတော့ ဒီနေ့ပစ်တော့မှာ ပစ်ရင် မိုးပေါ်ထောင်ပစ်မှာမဟုတ်ဘူး တည့်တည့်ပစ်မှာ ၃ ယောက်လုံး သေရင် တော့ပြီးပြီ မသေပဲ တစ်ယောက်ကျန်ခဲ့ရင် ဒီမိုကရေစီရရင် အမျှဝေပေးဖို့ ကျွန်တော်တို့ ကတိပြုခဲ့တာ အခုကျင်းပတာ ဒုတိယအကြိမ်ဆိုပေမယ့် ကျွန်တော်တို့ ထောင်ထဲမှာရှိစဉ်ကတည်းကလည်း ကျင်းပခဲ့ပါတယ် နောင်လာနောက်သားတွေ ရှစ်လေးလုံးအရေးတော်ပုံကို မမေ့မလျှော့အောင်လို့ ကျင်းပတာပါ”” ဟု ၄င်းကတိကြောင့် သူငယ်ချင်းများတွက် အခုလို အောက်မေ့ပွဲကျင်းပရပုံကို ကျဆုံးသွားခဲ့သူ ကိုစိုးကြီး၊ ကိုဇော်ဝင်ထွန်း တို့နှင့် သူငယ်ချင်းဖြစ်သူ ဦးအောင်ဇေယျက ပြောကြားသည်။

                                                                                                                     ကိုကျော်စွာ(တောင်ငူ)

by Myanmar News Now

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ