ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်တစ် ဂျိုကိုဗစ်အား နာဒယ်လ်အနိုင်ယူ

 US Open ပြိုင်ပွဲအမျိုးသားတစ် ဦးချင်းဗိုလ်လုပွဲစဉ်တွင် ကမ္ဘာ့ နံပါတ်တစ်တင်းနစ်သမား ဂျိုကို ဗစ်အား နာဒယ်လ်က ၃နာရီနှင့် ၂၁မိနစ်ကြာယှဉ်ပြိုင်ကစားပြီး အနိုင်ယူဗိုလ်စွဲခဲ့သည်။

နာဒယ်လ်အနေဖြင့် ၎င်း၏ အရည်အချင်း၊ စိတ်ရှည်မှု၊ ကြိုး စားအားထုတ်မှုများကြောင့် ဂျို ကိုဗစ်အား ၆-၂၊ ၃-၆၊ ၆-၄၊ ၆-၁ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

ယင့်း US Open ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်သို့ ဟောလိဝုဒ်မှ နာမည်ကျော်များအပြင် ဒေးဗစ် ဘက်ခမ်း၊ ဂျက်ဆီကာအဲလ်ဘာ၊ လီယိုနာဒိုဒီကာပီယို၊ ဂျက်စ တင်တင်းဘားလိတ်ခ်၊ ရှောင်ကော် နေးတို့လည်း တက်ရောက်အား ပေးခဲ့ကြသလို စုစုပေါင်း ပရိသတ် ၂၃၀၀၀ ဦး လာရောက်အားပေး ခဲ့ကြကြောင်း သိရသည်။

အသက် ၂ရနှစ်ရှိပြီဖြစ် သောနာဒယ်လ်သည် ခုနစ်လ ကြာဒဏ်ရာကြောင့် ရုန်းကနေ ခဲ့ရပြီးနောက် ၁၃ကြိမ်မြောက် ဂရင်းစလင်းဖလားကိုကိုင်မြှောက် နိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲပြီးနောက် နာ ဒယ်လ်က ''ကျွန်တော်အလိုချင် ဆုံးဆုတစ်ခုကို ဒီနှစ်ရာသီမှာ ရနိုင်ခဲ့တာပါ။ အခုပွဲမှာ ကျွန် တော်ဟာ ရတဲ့အခွင့်ရေးမှန်သ မျှကို အသုံးချနိုင်ခဲ့တယ်။ ဂျိုကို ဗစ်နဲ့ ဒီလိုပြိုင်ပွဲမျိုးအဆင့်မှာ ယှဉ်ပြိုင်ရရင်နိုင်ဖို့ဆိုတာ ဘယ် လိုမှမသေချာပါဘူး။ ဒါကြောင့် ပထမပွဲမှာနိုင်ထားဖို့က အရမ်း ကိုအရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ အရမ်းကြိုး စားခဲ့ရတယ်။ သူရိုက်တဲ့ဘော လုံးတိုင်းကိုလဲ ကြိုးစားရိုက်ခဲ့တယ်။ လှုပ်ရှားမှုတိုင်းအပေါ်ကို အာရုံအ ပြည့်စိုက်ခဲ့ရတယ်။ ကိုယ့်ရဲ့လှုပ် ရှားမှုတိုင်းကိုပါ ဂရုစိုက်ခဲ့တယ်''ဟု ပြောခဲ့သည်။

US Open ပြိုင်ပွဲဗိုလ်လုပွဲ တွင်ရှုံးနိမ့်ခဲ့သော ဂျိုကိုဗစ်သည် ဇန်နဝါရီလက ဩစတြေးလျအိုး ပင်းတွင်ဗိုလ်စွဲခဲ့ပြီးနောက်ပိုင်း ဝင်ဘယ်ဒန်နှင့် US Open ပြိုင် ပွဲဗိုလ်လုပွဲများသို့တက်လှမ်းနိုင် ခဲ့သော်လည်း ချန်ပီယံအဖြစ်နှင့် လွဲခဲ့သည်။

မင်းသန့် ၊ ရန်ကုန် ၊စက်တင်ဘာ(၁၀)
Yangon Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ