အလုပ်ရှင်အမျိုးသမီးအားရိုက်နှက်၍ တိမ်းရှောင်သွားခဲ့သူကိုဖမ်းဆီးရမိ

မော်လမြိုင်  စက်တင်ဘာ  ၁၉

မွန်ပြည်နယ် ရေးမြို့နယ် ရန်ကြီး အောင်ရပ်ကွက် ဗိုလ်ချုပ်လမ်းနေ ရော် ဘာခြံပိုင်ရှင်   အလုပ်ရှင်   အသက် (၄၂နှစ်)အရွယ်ရှိ  အမျိုးသမီးတစ်ဦး ကို ရိုက်နှက်သေဆုံးမှုဖြင့် တိမ်းရှောင် နေသူကို မွန်ပြည်နယ်ရဲတပ်ဖွဲ့၊  ပြည် နယ်ရဲတပ်ဖွဲ့မှူး၊  ခရိုင်ရဲတပ်ဖွဲ့မှူးတို့၏ကြီးကြပ်စီစဉ်မှုဖြင့်    ပြည်နယ်မှုခင်း အကူဌာနမှ ဒုတိယရဲအုပ်စည်သူကျော် နှင့်အဖွဲ့ လှိုင်နယ်မြေ မြေနီကုန်း ကားဝင်းတာဝန်ကျ   ဒိုင်းဝန်ကွင်းနယ်မြေ ရဲစခန်းမှ   ဒုရဲအုပ်မြင့်စိုး၊  ရဲတပ်ကြပ် အောင်ကိုဇော်တို့အဖွဲ့က စက်တင်ဘာ ၁၅ ရက်က မော်လမြိုင်မြို့  မြေနီကုန်း ကားဝင်းအတွင်း  ဧရာဝတီတိုင်းဒေသ ကြီး  အောင်တံခွန်တိုင်း အုပ်စု  တိုက် ကြီးကုန်းကျေးရွာနေ  မောင်မျိုးဝင်း(ခ)နိုင်ဝင်းအောင်(၂၄ နှစ်)အား   ရှစ်ရက် အတွင်း ဖမ်းဆီးရမိလိုက်သည်။

ဖမ်းဆီးခံရသူ  မောင်မျိုးမင်း(ခ)နိုင်ဝင်းအောင်သည်  စက်တင်ဘာ ၇ ရက် ညနေ ၅နာရီက  ရော်ဘာခြံပိုင်ရှင် ရေးမြို့နယ်    ရန်ကြီးအောင်ရပ်ကွက် ဗိုလ်ချုပ်လမ်းနေ ဒေါ်ခင်စန်း(ခ)မကျား က  အိမ်နောက်ဖေး  မီးဖိုချောင်တွင် ပန်းကန်ဆေးနေစဉ်  အသင့်ကိုင် ဆောင်လာသည့်တုတ်ဖြင့်   ခြောက် ချက်၊ ခုနစ်ချက်ရိုက်လိုက်ရာ ပွဲချင်းပြီးသေဆုံး၍   ရိုက်သူက   လက်လွတ်   ထွက်ပြေးတိမ်းရှောင် သွားခဲ့သည်။

ရိုက်နှက်သူ    မောင်မျိုးမင်း(ခ) နိုင်ဝင်းအောင်သည်   သေဆုံးသူ၏  ရော်ဘာခြံတွင်   တစ်လလျှင်    စရိတ် ငြိမ်း ငွေကျပ်  ရှစ်သောင်းဖြင့်  အလုပ် လုပ်ကိုင်ခဲ့ရာတွင် သေဆုံးသူ  ဒေါ်ခင် စန်း(ခ)မကျားက   အလုပ်သမားချင်း အတူတူ ခွဲခြားဆက်ဆံသဖြင့် မကျေနပ် ၍ အလုပ်ရှင်ကို  ရက်စက်စွာ  ရိုက် နှက်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဖမ်းဆီးရမိသူ  မောင်မျိုးမင်း(ခ)နိုင်ဝင်းအောင် (၂၄ နှစ်)ကို ရေးမြို့မ ရဲစခန်းက စစ်ဆေးမှုများ ပြုလုပ်ကာ အမှုဖွင့်အရေးယူဆောင်ရွက်ပြီး ပြစ်မှုကျူးလွန်သူက စက်တင်ဘာ ၁၇ရက်တွင် ရေးမြို့ နယ်တရားသူကြီး ဦးအောင်မြင့်ထံ  ဖြောင့်ချက်ပေးခဲ့ ကြောင်း သိရသည်။

ကျော်သန်း(မော်လမြိုင်)

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ