အိုက်တင်မှာ မြန်မာလူမျိုးတွေကမညံ့ပါဘူးဆိုတဲ့ အေးမြတ်သူ

အေးမြတ်သူက ပြည်ပခရီး တွေသွားရင်းနဲ့ အနုပညာနဲ့ ပတ်သက်တဲ့အကြောင်းအရာ တွေကို လေ့လာဖြစ်ခဲ့သလို ပြည်ပနိုင်ငံတွေရဲ့ဆက်တင်ပစ္စည်း
 တွေနဲ့ပတ်သက်ပြီးလည်း လေ့ လာဖြစ်တယ်လို့ဆိုပါတယ်။ ထိုင်း နိုင်ငံသွားရင်းနဲ့ အမှတ်မထင်ဘဲရိုက်ကွင်းတစ်ခု ကို တွေ့ကြုံခဲ့ပြီး လေ့လာဖြစ်ခဲ့တယ်လို့ဆိုလာတဲ့ အေးမြတ်သူက " ခရီးသွားရင်း နဲ့ ထိုင်းမှာ ရိုက်ကွင်းတစ်ခု ကြုံခဲ့ရတယ်။
အနီးကပ်ကို တွေ့ခဲ့ရတယ်။

သူတို့ဆီက အကနည်းပညာကောင်းတယ်။ သုံးတဲ့ပစ္စည်းကောင်းတယ်။ အိုက်တင်ပညာအရပြောရရင် ကိုယ်တွေလည်း အဲဒီလောက် တော့ လုပ်တတ်ပါတယ်။ ဒါပေ မဲ့ သူတို့ဆီမှာက စက်ပစ္စည်း တွေ အရည်အသွေးကောင်း တာတစ်ခုပဲရှိပါတယ်။ တခြား အိုက်တင်ပိုင်းကတော့ ဒီက သရုပ်ဆောင်တွေလည်း အိုက် တင်နဲ့ပတ်သက်ပြီး သူတို့လိုပဲ လုပ်နိုင်ကြပါတယ်။ အိုက်တင် ပိုင်းတော့ မညံ့ကြပါဘူး။ ဒါပေ မဲ့ တစ်ခါတလေကျရင်တော့ ကိုယ်မွေးဖွားလာတဲ့ နေရာ
ဒေသ၊ လူမျိုး၊ အကျင့်စရိုက် အလေ့အထနဲ့သာ အိုက်တင်တွေက ကွဲလွဲမှုတွေရှိနိုင်တယ်။ အိုက်တင်နဲ့ပတ်သက်ပြီး ဗမာလူမျိုးတွေက မညံ့ပါဘူး။ အကုန်လုပ်နိုင်ပါတယ်။ နေရာ ဒေသ အနှံ့ပြောင်းလဲသွားလို့ သာအိုက်တင်ပုံစံတွေကကွဲလွဲသွားတာပါ" လို့ ပြောပါတယ်။

ပရိသတ်တွေရဲ့ အားနဲ့ပဲကြိုးစားနေရပါတယ်လို့ပြောလာတဲ့ အေးမြတ်သူက " အမှန်အတိုင်းပြော ရရင် ပရိသတ်အားနဲ့တက်ရတာပါပဲ။ ဒီနှစ်ပိုင်းတွေပြောရရင် ပရိသတ်တွေဆိုတာ
ပြည်သူတွေပဲ။လူအားလုံးကျပ်တည်းပြီး ကိုယ့်အခက်အခဲနဲ့ ကိုယ်ဖြစ်နေကြတယ်။ အဲဒီအတွက်လည်းကိုယ်နဲ့တိုက်ရိုက်ကို သက်ရောက်မှုရှိတယ်။ ပရိသတ်တွေ ပျော်နေမှ လုပ်ငန်းတွေလည်းကောင်း နေမှ ကိုယ့်ရဲ့အနုပညာအလုပ်က လည်းဝေဝေဆာဆာနဲ့ ပျော်ပျော်ရွှင် ရွှင်ရှိမှာပါ။ပရိသတ်တွေ အဆင်မပြေ ဘူးစိတ်ညစ်နေတယ်ဆိုရင် ကိုယ် လည်းအဆင်မပြေသလို ခံစားရ တယ်။အဲဒီအတွက်ပရိသတ်ကို ပျော် နေစေချင်တယ်" လို့ ပြောပါတယ်။

လွင်လွင်ထွန်း - Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ