X – Men ၏နောက်ထပ်စီးရီးအသစ် “ The Wolverine” 3D

ချစ်ပရိသတ်သတ်ကြီးကိုယခုရုပ်ရှင်ရုံကြီးများတွင်ပြသနေသည့့် X- Men ဇာတ်ကားအသစ်ဖြစ်တဲ့  “ The Wolverine “ ဆိုတဲ့  ဇာတ်ကားသစ်လေးနှင့်မိတ်ဆက်ပေးချင်ပါတယ်။

ဒီကားလေးကတော့ ကျွန်တော်တို့ ရဲ့  မိတ်ဆွေဟောင်း ( Super Hero) ဇာတ်ကောင်ဖြစ်တဲ့  X-men ဇာတ်ကားစီးရီးတွေရဲ့  ၆ခွေမြောက်စီးရီးဇာတ်ကားတစ်ကားဖြစ်ပြီး Australia နိင်ငံဖွား Hugh Jackman ကပဲ ဆက်လက်သရုပ်ဆောင်ထားပါတယ်။မင်းသမီးအနေနှင့် အသက် (၂၈) နှစ်ရှိ ဂျပန်စူပါမော်ဒယ်နှင့် သရုပ်ဆောင် Tao Okamoto ကသရုပ်ဆောင်ထားပါတယ်။

ထို ဇာတ်ကား၏ ဇာတ်ဝင်ခန်းအမြောက်အမြားကို ဂျပန်နိင်ငံမှာ ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ အတွက် ဂျပန်နိင်ငံရဲ့  ရူခင်း( Nagasaki မြို့ ) ရဲ့  အလှအပကိုခံစားနိင်မှာဖြစ်ပါတယ်။

နောက်ပြီး ဂျပန်နိင်ငံရဲ့  ကျော်ကြားလှတဲ့ ကျည်ဆန်ရထား၏ခေါင်မိုးပေါ်မှ X- Men မင်းသားရဲ့  စွန့် စားမူများကိုလည်းမြင်တွေ့ ရမှာဖြစ်ပြီး နာမည်ကြီး လူဆိုးဂိုဏ်း Yakuza ဂိုဏ်းစတားတွေနှင့်  တိုက်ခိုက်သည့် အခန်းများကိုလည်းဝေေ၀ဆာဆာတင်ဆက်ထားပါတယ်။

သနားစရာကောင်းတာကကျွန်တော်တို့ ရဲ့ X- Men မင်းသားဟာနောက်ဆုံးဇာတ်ဝင်ခန်းမှာသူရဲ့ စွမ်းအားထက်လှတဲ့ သံမဏိလက်သည်းကြီးကိုအဖြတ်ခံလိုက်ရပါတယ်။သူထက်အဆမတန်အင်အားကြီးမားတဲ့ နည်းပညာမြင့် ဆာမူရိုင်းစက်ရုပ်ကြီးကဖြတ်ပစ်လိုက်တာပါ။
သို့ ပေမဲ့ ဘယ်လိုလူဆိုးဗီလိန်တွေကိုနောက်ဆုံးအနိင်ယူလိုက်သလဲဆိုတာကိုတော့ ရုပ်ရှင်ပိတ်ကားပေါ်မှာပဲခံစားလိုက်ရအောင်ဗျာ။

အရင် X- Man ဇာတ်ကားရဲ့  ကလေးဆန်မူတွေထဲ မှခွဲထွက်ပြီး ခပ်မိုက်မိုက်လေးခံစားကြည့် ရူရမှာဖြစ်တဲ့  အတွက် လမ်းညွန့် ပေးလိုက်ရပါတယ်။


Aung Heine ( MM Social Sky)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ