The Running Man ခေါ် အာဆင်နယ်ပရိသတ် အမ်းမရိတ်စ်ပြိုင်ပွဲ ဖိတ်ကြားခံရ


The Running Man ခေါ် အာဆင်နယ်ပရိသတ် အမ်းမရိတ်စ်ပြိုင်ပွဲ ဖိတ်ကြားခံရ (၅)ကီလိုမီတာမျှ အကွာအဝေးကို သက်လုံကောင်းကောင်းဖြင့် ပြေးလိုက်ရင်း ၎င်း၏ ဘောလုံးသူရဲကောင်းများကို နှုတ်ဆက်ခဲ့သော အဆိုပါ ဗီယက်နမ်သားအား အာဆင်နယ် ကစားသမားများက ဘတ်စ်ကားပေါ် ခေါ်တင်ကာ ချီးကျူးခဲ့ကြ
အင်တာနက်တွင် နာမည်ကျော်သွားခဲ့သည့် The Running Manခေါ် အာဆင်နယ် ပရိသတ်သည် ယခုအခါ အမ်းမရိတ်စ် ဖလားပြိုင်ပွဲတွင် ဖိတ်ကြားခံ ဧည့်သည်တော် အနေဖြင့် တက်ရောက် အားပေးခွင့် ရရှိခဲ့ပြီ ဖြစ်သည်။ အာရှခြေစမ်း ခရီးစဉ်အဖြစ် အာဆင်နယ်အသင်းက ဗီယက်နမ်သို့ သွားရောက်ခဲ့စဉ်တွင် ယင်းပရိသတ်သည် အာဆင်နယ် အသင်း၏ ဘတ်စ်ကားနောက်သို့ (၁၅)မိနစ်ကြာမျှ ပြေးလိုက်ခဲ့သည်။ (၅)ကီလိုမီတာမျှ အကွာအဝေးကို သက်လုံကောင်းကောင်းဖြင့် ပြေးလိုက်ရင်း ၎င်း၏ ဘောလုံးသူရဲကောင်းများကို နှုတ်ဆက်ခဲ့သော အဆိုပါ ဗီယက်နမ်သားအား အာဆင်နယ် ကစားသမားများက ဘတ်စ်ကားပေါ် ခေါ်တင်ကာ ချီးကျူးခဲ့ကြသည်။ ၎င်း၏ ဇွဲကောင်းကောင်း ပြေးလွှားနေသော ပုံရိပ်ကို အာဆင်နယ် ကစားသမားများက ဗီဒီယိုရိုက်ပြီး အင်တာနက်တွင် လွှင့်တင်ခဲ့ရာ အာဆင်နယ် အားပေးသူများကြား လူသိများလာခဲ့သည်။

အာဆင်နယ် ကစားသမားများက The Running Manဟု ချစ်စနိုး အမည်ပေးထားသော ဘောလုံးပရိသတ်သည် ယခုအခါ အာဆင်နယ်က လန်ဒန်တွင် ကျင်းပသည့် အမ်းမရိတ်စ် ဖိတ်ခေါ်ဖလား ခြေစမ်းပွဲများကို လာရောက်ကြည့်ရှုခွင့် ရရှိခဲ့ကြောင်း သိရသည်။ ၎င်းသည် အာဆင်နယ် တိုက်စစ်မှူး လူးကက်စ်ပိုဒေါ့စကီးနှင့် ဓာတ်ပုံတွဲရိုက်ခဲ့သလို အာဆင်နယ်နှင့် နာပိုလီတို့ ကစားသော ခြေစမ်းပွဲကို ကြည့်ရှုအားပေးခွင့် ရခဲ့သည်။ အာဆင်နယ်သည် (၂)ဂိုး ရှုံးနေပြီးမှ အိုလီဗီရာဂီရော့ဒ်နှင့် လောရင့်ကိုစီရယ်လ်နီတို့၏ ချေပဂိုးများကြောင့် သရေကျခဲ့သည်။ အမ်းမရိတ်စ်ဖလား၏ အခြားပွဲစဉ် တစ်ခုတွင်မူ ဂါလာတာဆာရေးက ပေါ်တိုအား (၁-၀)ဖြင့် အနိုင်ရရှိသွားသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ