iPhone သည် ရေခဲသေတ္တာထက် စွမ်းအင် ပိုသုံးဟုဆို

ဝါရှင်တန်၊ သြဂုတ် ၁၅

သာမန် iPhone တစ်လုံးသည် အလယ်အလတ် ရေခဲသေတ္တာ တစ်လုံး အသုံးပြုသည့် ပါဝါထက် ပိုပြီး စွမ်းအင်ကို အသုံးပြုနိုင်ကြောင်း Digital Power Group စီအီးအိုဖြစ်သူ မာ့ခ်မီးလ်က ပြောကြားသည်။

အလယ်အလတ် အရွယ်အစား ရေခဲသေတ္တာ တစ်လုံးဖြစ်သည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သီးသန့် ထုတ်သော Energy Star ရေခဲသေတ္တာ တစ်လုံးသည်ပင် တစ်နှစ်လျှင် 322 KW ကို သုံးစွဲနိုင် သည်။ iPhone ဖြင့် Wireless အသုံးပြုလျှင် တစ်နှစ် 361 KW အထိ စွမ်းအားကို သုံးစွဲကြောင်း မီးလ်က ဆိုသည်။

ဖုန်း တစ်လုံးတွင် စွမ်းအင် အသုံးပြုမှုသည် အိမ်သုံးပစ္စည်းများ စွမ်းအင်သုံးသည့် ပုံစံနှင့် မတူကြောင်း၊ အိမ်သုံး လျှပ်စစ်ပစ္စည်းများကို အသုံးပြုနိုင်ရန် လျှပ်စစ်ဓာတ်အားကို တစ်နေကုန် ပေးထားရသဖြင့် ကုန်ကျသည့် စွမ်းအားထက်၊ Wireless အသုံးပြုနိုင်ရန် ကွန်ပျူတာနှင့် အခြားပစ္စည်းများကို အထောက်အကူပြုနေရသော Server ကွန်ပျူတာကြီးများကို စွမ်းအင် မပြတ်စေရန် ပေးထားရခြင်းက ပိုပြီး စွမ်းအင် ကုန်ကြောင်း၊ ယခုအခါ Cloud နည်းပညာကို လူတိုင်း သုံးစွဲနေကြသဖြင့် ထိုစနစ်ကို သုံးနိုင်ရန်အတွက် စွမ်းအင် တောက်လျှောက် ပေးထားရခြင်းကြောင့် စွမ်းအင် သုံးစွဲမှု ပိုပြီး မြင့်မားနိုင်ကြောင်း ScienceTime သတင်းတွင် ဘရိုင်ယန်ဝေါ့ရှ် ဆိုသူကလည်း ရေးသားထားသည်။

ရုပ်ရှင်ဇာတ်ကား တစ်ကားကို သာမန် DVD စက်ဖြင့် ကြည့်ခြင်းထက် HD စနစ်ဖြင့် ကြည့်ခြင်းက စွမ်းအင် ပိုမို ကုန်စေနိုင်ကြောင်းကိုလည်း မာ့ခ်က ထောက်ပြထားသည်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ