ထိုင်ဝမ်မင်းသား လက်ထဲက iPhone 5C

iPhone 5C ကို Apple က တရားဝင် မိတ်မဆက် ရသေးပေမယ့် သူ့ရဲ့  Leak ဖြစ်နေတဲ့ Product က တရုတ်ပြည်မှာတင်ပဲ ထိုင်ဝမ် အထိတောင် ရောက်သွားပါပြီ။

ရောက်သွားတာမှာ သာမန်လူတစ်ယောက်ဆီ မဟုတ်ပဲ ထိုင်ဝမ်က နာမည် ကြီး သရုပ်ဆောင်မင်းသား၊ အဆိုတော် Jimmy Lin ရဲ့  လက်ထဲ ကို ဖြစ် ပါတယ်။ သူ့ရဲ့  Facebook အကောင့်မှာ iPhone 5C ကိုင်ထားတဲ့ပုံ တင်ခဲ့ပြီး တစ်ကမ္ဘာလုံးက iPhone 5C စောင့်ဆိုင်းကြည့်ရှု သူတွေကို အံ့သြစေခဲ့ ပါ တယ်။

လက်တလော ထွက်နေတဲ့ ဓာတ်ပုံတွေ အတိုင်းပါပဲ ပလက်စတစ် ကာဗာ နဲ့ မြင်ရတဲ့ ဈေးသက်သာ iPhone ဖြစ်ပါတယ်။ အရွယ်အစားအားဖြင့် ကလည်း iPhone 5 နဲ့ သိပ်ပြီးတော့ သိသိသာသာ ကွာခြားချက် မရှိပါဘူး။ Specification တော်တော်များများတောင် ထပ်တူနီးပါးရှိကြောင်း ဆိုပါတယ်။

လာမယ့် စက်တင်ဘာလ ၁၀ ရက်နေ့ဆိုရင်တော့ Apple ဟာ နောက်ဆုံးထွက် iPhone 5S အပြင် ဈေးသက်သာ iPhone 5C ကိုပါ မိတ်ဆက်ပြသမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Stuff UK
Aung Kham (Stuff Myanmar)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ