ဖယ်လိုင်နီနှင့် ဖာဘရီဂတ်စ်ကို တစ်ပြိုင်တည်း ခေါ်ယူလိုသည့် မန်ယူ

မန်ယူ အသင်း၏ အဲဗာတန် ကွင်းလယ်လူ ဖယ်လိုင်နီကို ခေါ်ယူရန် ကြိုးစားခြင်းသည် အခြား ပစ်မှတ် တစ်ခု ဖြစ်သည့် ဘာစီလိုနာ ကွင်းလယ်လူ ဖာဘရီဂတ်စ်ကို ခေါ်ယူရေး အပေါ် လက်လျှော့ခြင်း မဟုတ်ကြောင်း သိရသည်။

မန်ယူ အသင်းသည် အဲဗာတန်မှ လေတန်ဘိန်းနှင့် ဖယ်လိုင်နီကို လာမည့် ရက်အနည်းငယ်တွင် စတင် ကမ်းလှမ်း သွားမည် ဖြစ်သည်။ မန်ယူ နည်းပြ မိုရက်စ်သည် အသင်းဟောင်း အဲဗာတန်မှ တပည့်ဟောင်း လေတန်ဘိန်းကို ပေါင် ၁၂ သန်းဖြင့် ကမ်းလှမ်းခဲ့ဖူးသော်လည်း ပယ်ချ ခံခဲ့ရသည်။ ယခုတွင် မိုရက်စ်သည် ယင်းကစားသမား ၂ ဦး ကိုခေါ်ယူနိုင်ကြောင် အတွက် အဲဗာတန် ဥက္ကဌ ဘေလ်ကင်ရိုက် ငြင်းရခက်စေမည့် ကမ်းလှမ်းမှုမျိုးကို ပြုလုပ် သွားရန် အသင့် ရှိနေသည်။

မန်ယူ နည်းပြ မိုရက်စ်သည် ဘာစီလိုနာမှ ဖာဘရီဂတ်စ်ကို နောက်ထပ် တစ်ကြိမ် ကြိုးစားမည့် အခြေအနေကိုလည်း မငြင်းဆိုခဲ့ပေ။ ဖာဘရီဂတ်စ်မှာ သူ၏ ကိုယ်ပိုင်ဆန္ဒအရ မန်ယူသို့ လာရန် စိတ်ဝင်စား နေသည်။ အသက် ၂၅ နှစ် အရွယ်ရှိ ဘယ်လ်ဂျီယံ လက်ရွေးစင် ကစားသမား ဖယ်လိုင်နီသည် ဆရာဟောင်း မိုရက်စ်နှင့် တစ်ကျော့ပြန် လက်တွဲရန် မျှော်လင့်နေကြောင်း သတင်းများက ဆိုသည်။ မန်ယူ နည်းပြ မိုရက်စ်က ၎င်းအနေဖြင့် အဲဗာတန်မှ မန်ယူသို့ ပြောင်းရွှေ့ရန် အတွက် ခက်ခဲ့သည့် ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ရကြောင်း ဆိုသည်။

မိုရက်စ်သည် မနက်ဖြန် ဖာဒီနန် ဂုဏ်ပြုပွဲ အဖြစ် ကစားမည့် ဆီးဗီးလား အသင်းနှင့် အိမ်ကွင်း ခြေစမ်းပွဲတွင် အသင်း တိုက်စစ်မှူး ရွန်းနေကို ထည့်သုံးသင့် မသုံးသင့်အား စဉ်းစားနေသည်။ အသက် ၂၇ နှစ် အရွယ်ရှိ မန်ယူ တိုက်စစ်မှူး ရွန်းနေသည် ပခုံးဒဏ်ရာမှ ပြန်လည် သက်သာလာပြီး ကြံ့ခိုင်မှု ပြည့်ဝလာမည်ဟု မျှော်လင့်ရသည်။ အလားတူ ရွန်းနေကို လာမည့် စကော့တလန်နှင့် ခြေစမ်းပွဲတွင် ကစားရန် အတွက် စေလွှတ်သင့် မသင့်ကို နည်းပြ မိုရက်စ်က စဉ်းစားမည် ဖြစ်သည်။

Yatanarpon

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ