မန်ယူ ညာနောက်ခံလူ ရာဖေး ငါးပတ်ခန့် နားရမည်

လန်ဒန်၊ သြဂုတ် ၁၂

မန်ယူအသင်းက ဝီဂန်အသင်းကို အနိုင် ရရှိခဲ့သော ရာသီကြို ကွန်မြူနတီ ဒိုင်း ပြိုင်ပွဲတွင် ပါဝင် ကစားခဲ့သော မန်ယူအသင်း၏ ညာနောက်ခံ ကစားသမား ရာဖေးသည် တံကောက်ကြောတွင် ဒဏ်ရာ ရရှိခဲ့မှုကြောင့် ငါးပတ်ခန့် နားရမည် ဖြစ်ကြောင်း Guardian သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါပွဲတွင် ရာဖေးသည် ပွဲချိန် ၁၅ မိနစ်သာ ပါဝင် ကစားခဲ့ရပြီး ဒဏ်ရာကြောင့် အခြား နောက်ခံ ကစားသမား တစ်ဦးဖြစ်သူ ခရစ် စမောလင်းနှင့် လူစား လဲခဲ့ရသည်။ မန်ယူအသင်းမှာ ထိုပွဲတွင် ဝီဂန် အသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရခဲ့ပြီး အကြိမ် နှစ်ဆယ်မြောက် ကွန်မြူနတီ ဒိုင်း ဆုဖလားကို ရရှိ ခဲ့သည်။

ရာဖေး ဒဏ်ရာရသွားမှုသည် မန်ယူနည်းပြ ဒေးဗစ်မိုရက်စ်အတွက် ထိုးနှက်ချက် တစ်ခု ဖြစ်စေပြီး ရာသီအစ ပွဲစဉ်များ ဖြစ်သော ဆွမ်ဆီး၊ ချယ်ဆီးလ်၊ လီဗာပူးလ်၊ ခရစ်စတယ်ပဲလေ့စ်၊ မန်းစီးတီး စသော အသင်း များနှင့် ရင်ဆိုင်ရသော ပွဲစဉ်များတွင် ညာနောက်ခံ ကစားသမား နေရာ အတွက် အခက်တွေ့ဖွယ် ရှိကြောင်း Guardian သတင်းစာက ဖော်ပြခဲ့သည်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ