လီယမ် ဟမ်းဆော့သ်က ဂျနီဖာလောရင့်စ်ကို ချီးကျူး


Hunger Games ဇာတ်ကားတွင် အတူတွဲဖက် သရုပ်ဆောင်ဖူးသော လူငယ် မင်းသားနှင့် မင်းသမီးတို့သည် အဆိုပါ ဇာတ်ကား၏ အဆက်ဖြစ်သည့် Hunger Games: Catching Fireတွင် ပြန်လည် တွေ့ဆုံခဲ့သည်။

ဂျနီဖာလောရင့်စ်သည် အောင်မြင်မှုများ၏ အရောင်ဆိုးမှုကြောင့် ပြောင်း လဲတတ်သူ မဟုတ်ဟု လီယမ် ဟမ်းဆွော့သ်က ချီးကျူးလိုက်သည်။ Hunger Games ဇာတ်ကားတွင် အတူတွဲဖက် သရုပ်ဆောင်ဖူးသော လူငယ် မင်းသားနှင့် မင်းသမီးတို့သည် အဆိုပါ ဇာတ်ကား၏ အဆက်ဖြစ်သည့် Hunger Games: Catching Fireတွင် ပြန်လည် တွေ့ဆုံခဲ့သည်။

အသက်(၂၂)နှစ်သာ ရှိသေးသည့် ဂျနီဖာသည် Silver Linings Playbook ဇာတ်ကားတွင် ထူးချွန် ပြောင်မြောက်သော သရုပ်ဆောင် အရည်အသွေးများ ကို ပြသခဲ့သည့်နောက် ငယ်ငယ်ရွယ်ရွယ်နှင့် အော်စကာဆုရှင် မင်းသမီးတစ် လက် ဖြစ်လာသည်။

လီယမ်က ယခုတစ်ဖန် ဂျနီဖာနှင့် တွေ့ဆုံချိန်တွင် အောင်မြင်မှုများကြောင့် မာန်တက်နေခြင်း မရှိဘဲ ယခင်ကဲ့သို့ပင် ဖော်ဖော်ရွေရွေ ရှိနေဆဲ ဟု ပြောကြားခဲ့သည်။ Good Morning America အစီအစဉ်တွင် လီယမ်က ခင်ဗျားတို့ အနေနဲ့ ဂျနီဖာဆိုတာ အော်စကာဆု ရထားတဲ့ မင်းသမီး တစ်လက်လို့တောင် ထင်မိမှာ မဟုတ်ဘူး။ ရိုက်ကွင်းမှာ အင်မတန် မာန်မာနကင်းတဲ့သူပါ။ သူက တကယ့်ကို ထူးချွန်တဲ့ မင်းသမီး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပိုင်းလောက်က ကျွန်တော်တို့ ဆုံဖူးခဲ့တုန်းကလိုပဲ ဘာမှ အပြောင်းအလဲ မရှိဘူးဟု မှတ်ချက်ပြုခဲ့သည်။

၎င်းက မိမိ၏ တွဲဖက် သရုပ်ဆောင် မင်းသမီးသည် အလွန် အလုပ်ဇောကြီး သူဖြစ်ပြီး သရုပ်ဆောင် ဘဝတွင် ဇွဲကောင်းကောင်းနှင့် အပင်ပန်းခံနိုင်သူဟု လည်း ညွှန်းဆိုခဲ့သည်။ "ဂျနီဖာကို စတွေ့ကတည်းက၊ သူနဲ့အတူ အလုပ်စလုပ်ဖူး ကတည်းက သူဟာ ရိုက်ကွင်းတွေမှာ အံ့ဩစရာ စွမ်းအင် မျိုးနဲ့ နှစ်မြှုပ်ထားတတ်သူ ဆိုတာကို သိလာခဲ့ပါတယ်။ Hunger Games ဇာတ်ကားမှာဆို ကြမ်းတမ်းခက်ခဲတဲ့ ဇာတ်ဝင်ခန်းတွေ ပါတယ်။ တစ်ခါ တစ်လေ တစ်နေကုန်ပြီး မိုးချုပ်သွားတဲ့ထိ ဖြစ်တတ်တယ်။ ဒါပေမဲ့ ဂျနီဖာကတော့ လုံးဝ မောပန်းပုံ မရဘူး။ အားအပြည့်နဲ့ အမြဲတမ်း နိုးကြားနေ တတ်တယ်"ဟု လီယမ်က ပြောဆိုခဲ့သည်။

Hunger Games ဇာတ်လမ်းတွဲသစ်ကို ရိုက်ကူးပြီးနောက် လတ်တလောတွင် လီယမ်သည် ဟန်ရီဆန်ဖို့ဒ်၊ ဂယ်ရီအိုးလ်မန်းတို့နှင့်အတူ Paranoia ဇာတ်ကားအတွက် ပါဝင် သရုပ်ဆောင်နေသည်။ ၎င်းက အဆိုပါ ဝါရင့် သရုပ်ဆောင်များထံမှ အတွေ့အကြုံများကို မျှဝေယူရင်း ပိုမိုထူးချွန်သည့် မင်းသားတစ်လက် ဖြစ်လာအောင် ကြိုးစားမည်ဟုလည်း ဖွင့်ဟခဲ့သည်။

အစပိုင်းကတော့ သူတို့နဲ့ အလုပ်တွဲလုပ်ရာမှာ အသင့်အတင့်လောက် အဆင်ပြေဖို့ကိုပဲ မှန်းထားပါတယ်။ ဒါပေမဲ့ သူတို့က တကယ့် ကို နှစ်သက်စရာ ပုဂ္ဂိုလ်တွေပါ။ ပြီးတော့ ဘယ်လို ဇာတ်ရုပ်အတွက်မဆို အသင်ြ့ဖစ်နေတတ်တဲ့ ဝါရင့် မင်းသားကြီးတွေလေ။ ကျွန်တော်က လူငယ်မင်းသား တစ်ယောက်သာ ဖြစ်ပါတယ်။ သူတို့ကို ကြည့်ပြီး ကိုယ်တိုင်လည်း အရာရာ အဆင်သင့် ဖြစ်နေနိုင်အောင် ကြိုတင်ပြင်ဆင်သွားချင်ပါတယ်ဟု လီယမ်က ပြောဆိုသွားသည်

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ