ကလေးတွေကို စိတ်ဓာတ်ခွန်အား ရှိလာအောင် လုပ်ဆောင်ပေးနေသူ နန်းခင်ဇေယျာ

ကလေးသူငယ်တွေ အတွက် ပညာရေး၊ ကျန်းမာ ရေးတွေအတွက် လည်း လိုအပ် သလို ကူညီမှုတွေ ပေးနေတဲ့ အပြင် ကလေးတွေကို စိတ် ဓာတ်မြင့်တင်ရေးအတွက် လည်း နယ်တွေအထိပါ ဟော ပြောလှုံ့ဆော်ခဲ့သူ နန်းခင် ဇေယျာက "လူငယ်တွေက တိုင်းပြည်ရဲ့ အနာဂတ်တွေ လေ။ သူတို့ကို နန်းခင်အတွေ့ အကြုံတွေ၊ နန်းခင်ရဲ့ဘဝ အကြောင်းတွေ ပြောပြ တယ်။နယ်မှာတချို့ကလေးတွေ ၁ဝတန်း အောင်ပေမယ့်လည်း ရှေ့ ဆက်ကြိုး စားချင်စိတ်တွေ မရှိဘဲအပြင်မှာ ဟေးလား ဝါး လားလုပ်ကြ တာတွေကို ကျောင်း တွေဆက်တက်ဖို့နဲ့ ပညာရေး ကို ရှေ့ဆက်ကြိုးစားဖို့ မိဘ တွေက ဖြစ်စေချင်တော့ နန်းခင် ကို ခေါ်ပြီးနန်းခင်ရဲ့ အတွေ့ အကြုံေ တွ၊ဖြတ်သန်းခဲ့ပုံတွေ၊ ခုချိန်မှာဆိုရင် နန်းခင်တတ် ထားတဲ့ ပညာရေးက ခုချိန်မှာ ကြီးမားတယ်။ ကလေးတွေ ဒီထက်ပိုပြီးကြိုးစားချင်လာ အောင် ပညာရေး ဘယ်လောက် အရေးပါတယ်ဆိုတာတွေကို နန်းခင်ကပြောပြေ ပးတယ်။ တချို့ဆိုရင် စိတ်ဓာတ်ကျတာ တွေရှိတယ်။ တချို့ဆိုရင်လည်း တအားကို ကြိုးစားကြတယ်။ ကြိုးစားပေမယ့်လည်း သူတို့ရဲ့ ရည်ရွယ်ချက် မအောင်မြင်တဲ့ သူတွေလည်းရှိတယ်လေ။ ဒါပေမယ့် ကြိုးစားရမယ် ဆိုတာ တွေကို ပြောပြပေးတယ်။ပညာ ရေးကို ကြိုးစားချင်ပေ မယ့် ငွေကြေးအခက် အခဲရှိတာမျိုး တွေရှိတယ်။အဲဒီမှာမှ ဘယ်လို လုပ်သင့်တယ်။ ခုချိန်မှာ ပညာ သင်တယ်ဆိုရင် နောင်တစ်ချိန် ကိုယ့် အတွက်ပါပဲလို့ စိတ်ဓာတ် မကျဖို့ အတွင်း စိတ်ဓာတ် ခွန်အားတွေရှိ လာအောင် လမ်း ပြပြောပြပေးခဲ့တယ်။ သူတို့ ဘဝလေးတွေ ကို လမ်းမှန်ရောက် စေချင်တယ်။ တချို့ကလေး တွေဆိုရင် ဆေးစွဲနေတဲ့ ကလေး တွေတောင် ရှိတယ်။ အဲဒီတော့ မိဘတွေက အစကိုယ်က အနုပညာရှင်တစ်ယောက် ဖြစ် တဲ့အတွက် ကိုယ့်စကားတစ်လုံး က မိဘတွေပြောတာထက်ပိုထိ ရောက်ခဲ့တယ်။ အဲဒီလိုတွေ သိရတော့ ပီတိဖြစ်ရတယ်။ နန်း ခင်မှမဟုတ်ပါဘူး။ အနုပညာ ရှင်တွေရဲ့ စကားလုံးတွေ ဆို ရင် သူတို့က လက်ခံကြတယ် ဆိုတာကိုလည်း တွေ့ခဲ့ ရတယ်။ ဒီကလေးတွေအတွက် နန်းခင်ရဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက် ပြီး သူတို့အတွက် စိတ်ဓာတ်ခွန် အားတွေရှိလာအောင်တတ် နိုင်သမျှ လုပ်ပေးနေဦးမှာပါ" လို့ ပြောပြခဲ့ပါတယ်။

သိမ့်သိမ့်

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ