ဆီးဂိမ်းအတွက် ရေကူးလက်ရွေးစင် ရွေးချယ်ပွဲပြုလုပ်

(၂၇)ကြိမ် မြောက် ဆီးဂိမ်းအားကစားပြိုင် ပွဲကြီးအတွက် ရေကူးအဖွဲ့ချုပ်မှ အပြီးသတ် လူရွေးချယ်ပွဲကို ဩ ဂုတ် ၁၀ ရက်က အမျိုးသားရေ ကူးကန်၌ကျင်းပခဲ့ရာ ဆေးတက္က သိုလ်(၁)မှ ကစားသမားများလည်း ဝင်ရောက် အရွေးခံခဲ့ကြောင်း သိ ရသည်။

ဆေးတက္ကသိုလ်(၁)မှ ဝင် ရောက်ယှဉ်ပြိုင်ခဲ့သော ကစားသ မားများ၏စံချိန်သည် ရေကူးအဖွဲ့ ချုပ်တွင် စခန်းသွင်းလေ့ကျင့်လျက် ရှိသောကစားသမားများ၏စံချိန် ကို ကျော်ဖြတ်နိုင်ခြင်းမရှိသည့် အတွက်ကြောင့် ယင်းကစားသ မားများကို ရွေးချယ်မည်မဟုတ် ကြောင်း သိရသည်။

ရေကူးနည်းပြဦးမောင်မောင် စိန်က ''ဆေး(၁)ကစား သမား တွေနဲ့ အပြင်ဝါသနာပါတဲ့ ကစား သမားတွေရဲ့စံချိန်က ကျွန်တော် တို့အဖွဲ့ချုပ်ရဲ့ ကစားသမားတွေ ကိုမမီလို့ မရွေးချယ်ခဲ့ဘူး။ ဒါပေမဲ့ ဆေး(၁)က ရဲမြင့်အောင်ကို စံချိန် ကောင်းလို့ရွေးချယ်ထားတာပဲရှိ တယ်'' ဟုပြောခဲ့သည်။

(၂၇)ကြိမ်မြောက်ဆီးဂိမ်း ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် လျာ ထားခံရသူ မောင်စည်သူအောင် က ''စံချိန်အကောင်းဆုံး တင်ထား ပါတယ်။ ရွေးချယ်ခံရရင်အကောင်း ဆုံးကြိုးစားသွားမှာပါ။ ပြည်ပအ တွေ့အကြုံတွေလဲရှိပါတယ်။ ဆီး ဂိမ်းမှာပြိုင်ဖို့ ရွေးခံခဲ့ရရင် အစွမ်း ကုန်ပြိုင်သွားမယ်။ အခုချိန်မှာ ရွှေတော့မမှန်းပေမယ့် ဆုသုံးခုအ တွင်းဝင်နိုင်မယ်လို့ ယုံကြည်ထား တယ်''ဟု ပြောသည်။

လွင်လွင်ထွေး
ရန်ကုန်၊သြဂုတ်(၁၂) ၊ ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ

Yangon Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ