အသက် ၁၂ နှစ်အရွယ် မိချောင်းဖမ်းသမားလေး ဂျိုယေးမက်ဖို

အသက်(၁၂)နှစ်သာ ရှိသေးသည့် အမေရိကန် လူငယ်လေးသည် အမျိုးသမီး တစ်ဦးကို တိုက်ခိုက်ခဲ့သည့် မိကျောင်းခေါင်းတို တစ်ကောင်ကို ဖမ်းချုပ်ကာ လက်ရ ဖမ်းဆီးခဲ့သည်။

ကလေးတစ်ယောက်အတွက် သူရဲကောင်း အိပ်မက်သည် လက်တွေ့နှင့် နီးစပ်ရန် အန္တရာယ် များလွန်းသော်လည်း ဂျိုယေးမက်ဖိုကမူ လက်တွေ့ကျကျ သူရဲကောင်း ဆန်ပြခဲ့ပြီ ဖြစ်သည်။ အသက်(၁၂)နှစ်သာ ရှိသေးသည့် အမေရိကန် လူငယ်လေးသည် အမျိုးသမီး တစ်ဦးကို တိုက်ခိုက်ခဲ့သည့် မိကျောင်းခေါင်းတို တစ်ကောင်ကို ဖမ်းချုပ်ကာ လက်ရ ဖမ်းဆီးခဲ့သည်။ လူနေဒေသများအနီးထိ ရောက်ရှိလာသော မိကျောင်းသည် ပြီးခဲ့သည့် သီတင်းပတ်က ခွေးနှစ်ကောင်နှင့်အတူ လမ်းလျှောက်လာသည့် အသက်(၅၀)အရွယ် တာမာရာ ရှက်တက်ခ်ကို လှမ်းကိုက်ခဲ့သည်။ တောင်ပိုင်း ကာရိုလိုင်းနားတွင် နေထိုင်သော ဂျိုယေးသည် ၎င်း၏ အိမ်နီးချင်း အမျိုးသမီးကြီး ကြုံခဲ့ရသည့် အန္တရာယ်အကြောင်း ကြားသိပြီးနောက် မိကျောင်းဖမ်းရန် ခရီးစဉ်ကို စတင်ခဲ့သည်။

ဂျိုယေးနှင့် ၎င်း၏ အဖိုးတို့သည် နောက်တစ်ရက်တွင် မိကျောင်း၏ လာရာလမ်းကို ခြေရာခံ ရှာဖွေကြသည်။ (၄)နာရီမျှ ကြာသောအခါ ကန်ငယ် တစ်ခုအတွင်း ခိုလှုံနေသော မိကျောင်းကို ရှာဖွေ တွေ့ရှိခဲ့သည်။ ထို့နောက်တွင်မူ ဂျိုယေးသည် (၈)ပေရှည်ပြီး ပေါင်(၁၈၀)လေးသော မိကျောင်းကို လက်ချည်းသက်သက် ဝင်လုံးကာ အမိအရ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ မြေးဖြစ်သူ၏ သတ္တိရှိမှုအပေါ် မိမိဂုဏ်ယူကြောင်း ဂျိုးမက်ဖိုက ဆိုသည်။ ကျွန်တော် ဆင်းပြီးတော့ လိုက်သွားတယ်။ ဒါပေမဲ့ ဂျိုယေးကိုပဲ မိကျောင်းဖမ်းဖို့ ခွင့်ပြုခဲ့ပါတယ်။ (၁၆)ပေလောက် အကွာမှာတော့ ဂျိုယေးက မိကျောင်းကို အရဆွဲယူလာတယ်လေဟု အသက်(၆၈)နှစ်ရှိ ဂျိုးက ပြောကြားခဲ့သည်။

ကျွန်တော် ကန်စပ်ကပဲ စောင့်နေခဲ့တယ်။ မိကျောင်းကို တုတ်နဲ့ လှမ်းချိတ်ပြီး ဆွဲရတယ်။ ကုန်းပေါ် ဆွဲတင်ပြီးတော့ ဂျိုယေးက အဲဒီကောင်ကြီးကို ကြိုးတုပ်ပါတယ်။ ပြီးတော့ ပါးစပ်ကိုပါ တိပ်နဲ့ကပ်ပြီး ဖမ်းလိုက်ကြတယ်ဟု ရှင်းပြခဲ့သည်။ တောင်ပိုင်း ကာရိုလိုင်းနား ဥပဒေအရ မိကျောင်း ခေါင်းတိုများကို သတ်ဖြတ်ခွင့် မရှိချေ။ အမေရိကန် ကလေးငယ်များတွင် မိကျောင်းကို လက်ရဖမ်းဖူးသည်မှာ ဂျိုယေးက ပထမဆုံး မဟုတ်ချေ။ (၂၀၁၁)ခုနှစ်က ဖလော်ရီဒါမှ အသက်(၁၀)နှစ်အရွယ် မိုက်ကယ်ဒါရှာသည်လည်း (၆)ပေ အရှည်ရှိ မိကျောင်းတစ်ကောင်ကို နပမ်းလုံးကာ ကိုယ်တိုင် ဖမ်းဆီးခဲ့ဖူးသည်။

Planet.com.mm

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ