ဖခင်ဖြစ်သူရဲ့ သိက္ခာကို မကျအောင် ကြိုးစားနေသူ အိမ့်ချစ်

အိမ့်ချစ်က လတ်တလောမှာတော့ ဒုတိယ တစ်ကိုယ် တော်အခွေ အတွက် ကြိုးစားနေပြီး ပထမအခွေ နဲ့ ပုံစံလုံးဝ မတူအောင် စီစဉ်ထားတယ်လို့ ပြောပါတယ်။"အိမ့်ချစ်က ဒုတိယ...အခွေလေး ကို နိုဝင်ဘာလမှာ ထွက်နိုင်အောင်လို့ ကြိုးစားပြီး စီစဉ်ဖြစ်နေတယ်။

အခုတော့ တစ်ဝက်လောက်ပဲ ပြီးသေးတယ်။ ပထမအခွေနဲ့တော့ သီချင်းပုံစံမတူဘူး။ RMP လေးတွေပါတယ်။ တအားမြူးဇစ် ဆန်းဆန်း ပြားပြားကြီး တွေတော့ ထည့်မထားဘူး။ သီချင်း ၁၂ပုဒ်လောက်တော့ ပါမယ်။ အတွဲသီဆိုပေးမယ့်သူတွေလည်း ပါမယ်။ ဒုတိယ အခွေလေးကိုလည်း ပရိသတ်တွေအားပေးမယ်လို့ မျှော် လင့်ပါတယ်" လို့ ပြောပါတယ်။

အိမ့်ချစ်က ဖခင်ဖြစ်သူ ချစ်ကောင်းဆီက အနုပညာနဲ့ ပတ်သက်ပြီး အတုယူခဲ့ရတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပါဖောမန့်နဲ့ ပတ်သက်ပြီး ဖခင်ဆီကနေ အရယူဖြစ်ခဲ့ပြီး ပါဖောမန့်ဆိုတာ ကမှ၊ လှုပ်မှ၊ ဟိုပြေး၊ ဒီပြေးမှ လို့ထင်နေ ကြပေမယ့် တကယ်တမ်းတော့ ပင်ကို ကိုယ့်ဆီမှာရှိနေ တဲ့ စတိုင်တစ်ခုဟာလည်း ပါဖောမန့်ပဲဖြစ်ကြောင်း အိမ့်ချစ်က ပြောပါတယ်။ "ကိုယ့်သဘာဝ ပင်ကိုယ်စတိုင်လေးကိုက ပါဖောမန့်ပဲ။ အဲဒီတော့ အိမ့်ချစ်က အဲဒီသဘာဝကို အဖေဆီ ကရတယ်။ အဖေက လုပ်မယူဘူး။

သူ့သဘာဝ အတိုင်းပဲ သူ့ဟာနဲ့သူ စင်ပေါ်မှာသီချင်းဆိုရင်းနဲ့ဖြစ်သွားတဲ့ အိုက်တင် ကိုပဲ ချစ်ကောင်းက စင်ပေါ်မှာ ဘယ်လိုလုပ်လိုက်တယ်ဆို တာကို ပြောစမတ်တွင်သွားတယ်။ အိမ့်ချစ်လည်း အဲဒီ အတိုင်းပဲ အဖေခြေရာကို လိုက်နင်းတယ်" လို့ ပြောပါတယ်။

အနုပညာအလုပ်ကိုစပြီး လုပ်ကတည်းက ဖခင်ဖြစ်သူ ချစ်ကောင်းရဲ့ သိက္ခာကိုမကျအောင် ဘယ်လို အခက် အခဲပဲကြုံကြုံ အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်လို့ ပြောလာတဲ့ အိမ့်ချစ်က "အိမ့်ချစ်က အနုပညာ အလုပ် စလုပ်ကတည်းက ကိုယ့်အဖေကတော့ ကိုယ်ကို ဘယ်လောက်ထိလိုချင် လဲတော့ မပြောခဲ့ဘူး။ ဒါပေမဲ့ ကိုယ့်စိတ်ထဲမှာတော့ ကိုယ့်အဖေ နာမည်၊ ကိုယ့်အဖေသိက္ခာကိုတော့ မကျစေချင်ဘူး။ ချစ်ကောင်းသမီး ဖြစ်ပြီး ဘာမှမဟုတ် ဘူးဆိုတာမျိုး မဖြစ်စေချင်ဘူး။ အဲဒီ့အတွက်ကြောင့် လည်း အများကြီး ကြိုးစားခဲ့ရတယ်။ တအားပင်ပန်း ခက်ခဲတာတွေလည်း ရှိခဲ့ပါတယ်။ အဖေ့သမီးဆို တိုင်းလည်း ချီးမြှင့်မြှောက်စားခံခဲ့ ရတဲ့အထဲမှာ မပါပါဘူး။ ကိုယ်ခြေထောက်နဲ့ကိုယ်ရပ်တည်ရတာ ပါပဲ။ အဲဒီတော့ဘာပဲပြောပြော ငါရဲ့ အဖေသိက္ခာ မကျရအောင် ငါဘယ်လို
အခက်အခဲပဲကြုံကြုံ ငါ ကြိုးစား မယ်ဆိုတဲ့စိတ်တစ်ခုတည်းနဲ့ပဲ ကြိုးစားခဲ့ ပါတယ်" လို့ပြောပါတယ်။

လွင်လွင်ထွန်း

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ