တေးသံရှင် ဆိုတေး သေဆုံး ဆိုသည့် သတင်း မဟုတ်မှန်


မန္တလေး၊ သြဂုတ် ၅

မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် ၂၃ ရက်နီးပါးကြာ သတိလစ် မေ့မြောနေသော တေးသံရှင် ဆိုတေး သေဆုံးသွားသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းမှာ မှန်ကန်မှု မရှိဘဲ ဆိုတေး၏ ကျန်းမာရေး အခြေအနေမှာ တစ်နေ့ထက် တစ်နေ့ တိုးတက်လျက် ရှိကြောင်း ဆိုတေး၏ ဖခင်ဖြစ်သူ ဦးတင်မြင့် က The Voice သို့ သြဂုတ်လ ၅ ရက်နေ့တွင် အတည်ပြု ပြောကြားသည်။

တေးသံရှင် ဆိုတေးသည် ပေါင်တွင် ရရှိသော ဒဏ်ရာမှ အနာ ပတ်တီးဖြေ ရန် ခွဲခန်းထဲ ဝင်သွားသည်ကို သေဆုံးသည်ဟု ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုတေး၏ ဦးလေး ဖြစ်သူ ဦးရဲမြင့်အောင်က ထပ်မံ ပြောကြားသည်။

“အခြေအနေက တစ်နေ့ထက် တစ်နေ့ သက်သာလာတယ်။ စကားတော့ မပြောနိုင်သေးပါဘူး။ နိုင်ငံခြားကို သွားကုဖို့ ဆိုတာက မစဉ်းစားသေးပါဘူး။ ဒီဆေးရုံက ဆရာ၊ ဆရာမတွေက သူ့အသက် ကို ကယ်ထားတာပါ။ သူတို့ရဲ့ ခွင့်ပြုချက် ရမှပါ။ နောက်ပြီး နိုင်ငံခြားမှာ ဆေးကုဖို့လောက်ထိ ငွေအင်အား မတတ်နိုင်ပါဘူး။ အနုပညာရှင် အသိုင်းအဝိုင်းက ကူညီ ထောက်ပံ့လာ ရင်တော့ သွားရောက် ကုသ ဖြစ်မယ်။ သေပြီလို့ ပြောတဲ့သူတွေက ကိုယ်ချင်း မစာနာလို့ ပြောကြတာ” ဟု ဆိုတေး၏ ဖခင်ဖြစ်သူက ပြောဆို သည်။

တေးသံရှင် ဆိုတေးသည် ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၁၂နာရီခွဲ အချိန်က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၉၁/၃နှင့်၎ ကြားတွင် ယာဉ် တိမ်းမှောက်ခဲ့ရာမှ မန္တလေး ဆေးရုံကြီးရှိ အထူးကြပ်မတ် ကုသဆောင် တွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း၊ ကျန်းမာရေး အခြေအနေမှာ အခြေအနေမှာ တစ်နေ့ထက် တစ်နေ့ တိုးတက်လာသော်လည်း စကားပြောနိုင်ခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် မဲဆောက်မြို့တွင် နေထိုင်သော မချိုချို က တေးသံရှင် ဆိုတေး သတိ ပြန်လည်ရပါက ၎င်းကို ဇနီး ဖြစ်ကြောင်း ဆိုတေးက ထုတ်ဖော် တင်ပြခြင်း မရှိလျှင် ကာမ လိမ်လည်မှုဖြင့် တရား စွဲဆိုသွားမည်ဟု သတင်း မီဒီယာများသို့ ပြောကြားခဲ့သည်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ