အိုးအိမ်ဦးစီးဌာနမှ ဒု-ညွှန်မှူး၏ကား အခိုးခံရ

အိုးအိမ်ဦးစီးဌာနမှ ဒု-ညွှန်မှူး ပိုင်ဆိုင်သော ကားအခိုးခံရမှု တစ်ခုသြဂုတ် ၂၀ ရက်ညက ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

သာကေတမြို့နယ်တွင် နေထိုင်သည့် ဒု-ညွှန်မှူး ဦးနိုင်လင်းသည် သြဂုတ် ၂၀ ရက် ည ၈ နာရီခန့်တွင် သူ၏ ၇က/ဩဩ အာဗီးနီးယား ခဲရောင်ကားကို “စိန်သုံးလုံး”ကြေးအိုးဆိုင်အနီးတွင် ရပ်ထားခဲ့ပြီး ဆိုင်အတွင်း ကြေးအိုးဝင်စားခဲ့သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။

ကြေးအိုးစားပြီးသည့်နောက် ဆိုင်မှထွက်လာပြီး ကားထားခဲ့သော နေရာသို့ ရောက်သောအခါ ကားကို မတွေ့ ရတော့ဘဲ ပျောက်ဆုံးနေသည်ဟုလည်း ရဲဌာနကဆိုသည်။

ထို့ကြောင့် ကားကိုခိုးယူသူကို စုံစမ်းအရေးယူပေးရန် ဦးနိုင်လင်းက တရားလိုပြုလုပ်တိုင်တန်းထားပြီး ဗိုလ်တစ်ထောင် ရဲစခန်းက အမှုအမှတ်(ပ)၁၅၈/၂၀၁၃ ဖြင့် အမှုဖွင့်ထားပြီး သံသယရှိသူကို ဖမ်းမိလျှင်
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉ (ကား)ဖြင့် တရားစွဲဆိုမည်ဟုလည်း တိုင်းရဲဌာနက ဆိုသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ