တွားသွားနှင့် ရေနေသတ္တဝါ ဖန်ပုလင်း ရုပ်ကြွင်းပြတိုက်


ဖန်ပုလင်းပေါင်း (၂၇၆၀၀၀)တွင် သက်ရှိမျိုးစိတ် (၁)သန်းကျော်၏ ရုပ်ကြွင်းများကို ထည့်သွင်းကာ ထူးထူးခြားခြား စီမံထိန်းသိမ်းထားသည့် သဘာဝ လက်ရာများအဖြစ် ပြသခဲ့ခြင်း ဖြစ်သည်

ဂျာမနီနိုင်ငံရှိ သဘာဝ သမိုင်းပြတိုက် တစ်ခုတွင် ဖန်ပုလင်းပေါင်း သုံးသိန်းနီးပါးဖြင့် ထည့်သွင်းထားသည့် ရေနေသတ္တဝါနှင့် တွားသွားသတ္တဝါ ရုပ်ကြွင်းများကို စီမံပြသခဲ့ကြောင်း သိရှိရသည်။ ဖန်ပုလင်းပေါင်း (၂၇၆၀၀၀)တွင် သက်ရှိမျိုးစိတ် (၁)သန်းကျော်၏ ရုပ်ကြွင်းများကို ထည့်သွင်းကာ ထူးထူးခြားခြား စီမံထိန်းသိမ်းထားသည့် သဘာဝ လက်ရာများအဖြစ် ပြသခဲ့ခြင်း ဖြစ်သည်။ ငါးမန်းကြီး တစ်ကောင် အပါအဝင် များမြောင်လှသော အခြား တိရစ္ဆာန် ရုပ်ကြွင်းများစွာကို ဆေးရည်စိမ်ကာ ဘာလင်မြို့တော်ရှိ အိစ်ဝင်း သဘာဝ သမိုင်းပြတိုက်တွင် ပုလင်းများဖြင့် အစီအရီ နေရာချ ထားရှိခဲ့သည်။

ပြတိုက်ထဲတွင် သံမဏိနှင့် ဖန်သားတို့ဖြင့် ပြုလုပ်ထားသော (၃)ဆင့် စင်များဖြင့် ပုလင်းများကို တင်ရှိ ပြသခဲ့ခြင်း ဖြစ်သည်။ ယခုလို ပုလင်းများစွာတွင် ဆေးရည်စိမ် ပြသရန်အတွက် ဆေးရည်စိမ်ရသော အရက်လီတာပေါင်း (၈၁၈၈၀)ထိ ကုန်ကျခဲ့ကြောင်းလည်း သိရသည်။ ပြခန်းအတွင်းရှိ ပုလင်းများတွင် ငါး၊ နို့တိုက်သတ္တဝါ၊ ဖားနှင့် အခြားသော တွားသွား သတ္တဝါများ၊ ပင့်ကူများ၊ မျှော့နှင့်ပိုးကောင်များ၊ ဂဏန်းများ၊ အင်းဆက်ပိုးမွှားများနှင့် ကျောရိုးမဲ့ သတ္တဝါပေါင်း (၁)သန်းကျော်၏ ရုပ်ကြွင်းများကို ထည့်သွင်းထားသည်။

(၁၈)ရာစုမှ စတင်စုဆောင်းလာသည့် ယင်းရုပ်ကြွင်းများကို အရေအတွက် များပြားစွာဖြင့် အများပြည်သူရှေ့ ချပြခြင်းသည် ယခုတစ်ကြိမ် ပထမဆုံးလည်း ဖြစ်သည်။ အိစ်ဝင်း ပြတိုက်သည် ဒုတိယ ကမ္ဘာစစ် ကာလအတွင်းက မဟာမိတ်တပ်များ ဗုံးကြဲသဖြင့် ပျက်စီးခဲ့သည်။ ထိုစဉ်က ဗုံးတစ်လုံးသည် ပြတိုက်၏ ခန္ဓာဗေဒ ပြခန်းထိ ကျရောက် ပေါက်ကွဲခဲ့ရာ သိမ်းဆည်းထားသော နမူနာ ရုပ်ကြွင်းများ ဆုံးရှုံးခဲ့ရသည်။ (၁၉၉၅)တွင် စတင်ကာ ပြတိုက်ကို ပုံစံသစ်ဖြင့် မွမ်းမံရန် စတင် စီစဉ်ခဲ့ပြီး (၂၀၁၀)ပြည့်နှစ်တွင်မူ အလုံးစုံ ပြီးစီးခဲ့သည်။

ယခုအခါတွင်မူ အိစ်ဝင်းသည် ကမ္ဘာပေါ်တွင် ဇီဝဗေဒဆိုင်ရာ မျိုးကွဲများစွာကို အများဆုံး စုစည်းထားနိုင်သည့် ရုပ်လုံးသွင်း ပြတိုက်တစ်ခု ဖြစ်လာခဲ့ကြောင်း သိရှိရသည်။ အိစ်ဝင်းတွင် ဒိုင်နိုဆော ရုပ်ကြွင်း အရိုးစု အများအပြားရှိနေသလို ကမ္ဘာ့အကြီးမားဆုံး ဒိုင်နိုဆော ရုပ်ကြွင်းကြီးကိုလည်း ထိန်းသိမ်းထားသည်။ အဆိုပါ အရိုးစုကြီးမှာ လည်ပင်းရှင် ဘရာခီအိုဆောရပ်စ် တစ်ကောင်ထံမှ ကြွင်းကျန်နေခြင်းဖြစ်ပြီး (၁၃)မီတာမျှ အရှည်ရှိကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။

Plaent.com.mm

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ