မသူတော်

'ကွင်းထဲအရပ်သားပါဆင်းဖိုက် တဲ့၊ရိုက်တဲ့ပွဲစခဲ့တာဖဆပလသားတွေ ပဲ' တဲ့။သြော်...တစ်ချိန်က အထွေ ထွေမကျေနပ်မူတိုင်းမှာ လက်သည် ရှာမရတိုင်း အချင်းချင်း ရန်ဖြစ်ကြရိုက်တွဲ၊ ဖိုက်ပွဲတွေ ဆင်နွှဲခဲ့ကြတဲ့အဖြစ် တွေဟာ ကျွန်တော်တို့ကလေးဘဝမှာမမြင်ချင်မှ အဆုံးပါ။

ပထမအကြိမ်လွတ်လပ်ခြင်းရုပ် ရှင်ပွဲတော်ဆုရ 'ကြိုး' အမည်ရနိုင်ငံ
ကျော်ဇာတ်လမ်းတိုဇာတ်ကားရဲ့ ဒါရိုက်တာပီပီ ဒါရိုက်တာကို မင်းသိုက်ကသြဂုတ်(၄)ရက်နေ့က နေပြည်တော် မှာဖြစ်ခဲ့တဲ့ဘောလုံး ကွင်းကရန်ပွဲနဲ့ဆက်စပ်ပြီး 'ဖိုက်ပွဲ' ဆိုတဲ့ ခေါင်းစဉ်နဲ့ အွန်လိုင်းမှာရေး သားလာမှုက အဲ့ဒီနေပြည်တော်ကပွဲနဲ့ ကျွန်တော်လွဲခဲ့ပေမယ့် ဘဝထဲကအမှတ်တရ 'ကွင်းထဲအရပ်သားပါ ဆင်းရိုက်တဲ့ရန်ပွဲတစ်ပွဲ' ကိုအတိတ်အမှတ်တရတွေနဲ့အတူ တစ်တွဲတည်းအမှတ်ရစေ ပါတယ်။

'မဆလခေတ်က ....နှစ်စဉ် မိုးရာသီဆို ရပ်ကွက်ပေါင်းစုံ၊ မြို့ နယ်ပေါင်းစုံ ဘောလုံးပွဲတွေဖိုင်နယ် ပွဲကိုအောင်ဆန်းအားကစားပြိုင် ကွင်း ကြီးထဲမှာကျင်းပတယ်။ရပ်ကွက် ပေါင်း စုံက နိုင်တဲ့သူက မြို့နယ်ပေါင်း စုံတက်၊ မြို့နယ်ပေါင်းစုံကအောင်တဲ့သူကပြည် နယ်နှင့်တိုင်းဘောလုံး ပွဲကြီးပါဝင် ဆင် နွှဲပဲ။၁၉၈၂လောက်ကထင်တယ်ဗျ။

နှစ်တော့အတိအကျမမှတ်မိတော့ဘူးရပ် ကွက်ပေါင်းစုံပွဲမှာ ကျွန် တော်တို့ဖဆပလက ဘောလုံးလက် ရွေးစင်အကျော်အမော်အဖွဲ့နဲ့...အသင်းတို့နောက်ဆုံးဖိုင်နယ်ကန်ကြတာ အောင်ဆန်းကွင်းကြီးထဲမှာ၊ မိုး တွေကလဲတဖွဲဖွဲနဲ့။

ဖဆပလကဂိုးသမားက ကိုမောင် မောင်လေးတကယ့်တိုက်စစ်မှူးကြီး ဆိုပေမယ့်သူကဂိုးပဲဖမ်းတယ်၊ အသင်း ခေါင်းဆောင်ကောင်းတစ်ဦး။
နောက်ဆုံးပြီးခါနီးအချိန်အထိ ဖဆပလက ဆယ့်တစ်ဂိုး နဲ့ဦးဆောင်နေရာက တစ်ပွဲလုံးလူ ချည့်လိုက်ချနေတဲ့ ...အသင်းကို ဖဆပလကငနဲတွေ ကွင်းထဲဆင်းပြီး အုတ်ခဲတွေနဲ့ထု၊ အလံတိုင်(သံတိုင် တွေနဲ့ချွတ်ရိုက် အပီဝိုင်းကျွေးတာများ .. မနေ့က ဖြစ်သွားတဲ့.....' ဆို တဲ့အစ်ကိုကို မင်းသိုက်စာအစွမ်းက ဖတ်ရင်းပင်မျက်လုံးထဲပုံရိပ်တွေကွက် ကွက်ကွင်းကွင်းမြင်ယောင်လာတယ်။

'တစ်ချိန်မဆလခေတ်တုန်းကပြည်နယ်နှင့်တိုင်းဘောလုံး ပြိုင်ပွဲကြီးဆို သိပ်ပျော်စရာကောင်းတာ၊ ကျွန် တော်တို့တိုက်ရှေ့ (အခုဂျိုးဖြူလမ်း) မှာဆိုစားဖွယ်စုံအသည်တွေပိတ်ကျပ် နေရောပဲ။ထိုစဉ်ကဘောလုံးအကျော် အမော်တွေထဲမန္တလေးတိုင်းက 'ပေါက်စီ' ဆိုတာလည်းနာမည်ကျော်တယ်။

ဘောလုံးလောကကွင်းထဲ အရပ် သားပါဆင်း 'ဖိုက်တဲ့၊ ရိုက်တဲ့' ပွဲစခဲ့ တာ ဖဆပလသားတွေပဲ။မှတ်မိသူ တွေတော့မှတ်မိကြပါလိမ့်ဦးမည်' တဲ့...။ မှတ်မိပါ့အစ်ကို။

ဒါပေမဲ့ ကျွန်တော်မှတ်မိတဲ့ အကြောင်းက ကျွန်တော့်ရပ်ကွက်၊ ကျွန်တော့်ကျောင်းနဲ့ ကျွန်တော့် အကြောင်း ဖြစ်နေလေတော့ ကိုယ့် ကိုယ်ကိုယ်ဖော် မသူတော်ဖြစ်သွား လေမလားဘဲ။ မတတ်နိုင်ဘူးလေ။ ကျွန်တော်လည်း ကိုယ့်သမိုင်းလေး ကိုယ်တိုင်ရေးချင် မိလေတော့ ပြောပြီ ရေးပြီ အစ်ကိုရေ..။

အစ်ကိုပြောတဲ့ ဂျိုးဖြူလမ်းနဲ့  ကျွန်တော်တို့အထက(၁) ဒဂုံကျောင်း ပေါက်ဝတည့်တည့်ကဝိတိုရိယဘုရင် မလမ်းတို့ဟာဗြိတိသျှ သံရုံးကိုခွထား တဲ့လမ်းနှစ်လမ်းပေါ့။ဘောလုံးပွဲတွေ ရှိတဲ့ကာလတိုင်း သံဆူးကြိုးတွေချ လမ်းပိတ်ထားရတဲ့လမ်းတွေလည်းဖြစ် ပါတယ်။ ကျွန်တော်တို့တစ်တွေကတော့ အဲ့ဒီသံဆူးကြိုးခွေတွေမြင်ရင်ပဲ ပျော်ပွဲ ရွှင်ပွဲတမျှ ပျော်ခဲ့ကြတာပါ။ နောင် အခါအဲ့ဒီလိုသံဆူးကြိုးတွေနဲ့နိုင်ငံ
တစ်ဝန်းတားမြစ်နယ်မြေအဖြစ် အချုပ်အနှောင် ပြုလာမယ်လို့ ဘယ်ထင်ခဲ့ပါ့မလဲ။ ကျောင်း ဝတ်စုံအဖြူအစိမ်းနဲ့ကျွန်တော် တို့တစ် တွေကျောင်းကနေပြန်လာရင်အဲ့ဒီသံ ဆူးကြိုးတွေ မှာ စောင့်ကြပ်နေ သူတွေ က ကိုယ့်တစ်ရပ်ကွက်သားအစ်ကိုကြီး တွေ၊ဦးကြီးတွေချည်းမို့
ရပ်ကွက်ထဲ ပြန်တာဆိုပြီးလက်မှတ်မပါလည်း ဝင် ထွက်ခွင့်ရတာကို သဘောကျမိတာ။ဘောလုံးပွဲကြည့်ချင်တဲ့ သူငယ်ချင်းတွေ ကိုကို လည်းခေါ်ငင်နိုင်လို့ ဖဆပလကဆို မျက်နှာပွင့်တယ်ပေါ့။နိုင်ငံကျော် မှောင် ခိုလက်မှတ်ရာဇာဦးရေခဲဆိုတာကလည်း ကျွန်တော်တို့ ရပ်ကွက်သား ဆိုတော့ ဂုဏ်ကမသေးလှဘူး။ မိုက်ဂုဏ်ဆိုရ မလားဘဲ။ ဒီနေရာ မှာပျော်စရာတွေ အမှတ်ရသလို ဘီအေအေကွင်း (ဘီအေဂရောင်း) လို့ခေါ်တွင်တဲ့ ဗိုလ် ချုပ်အောင်ဆန်းကွင်းကြီးရဲ့ ဂုဏ် အင်္ဂါကိုလည်း အနယ်နယ်အရပ်ရပ်က ဘောလုံးအားကစားဝါသနာရှင်တွေက တန်ဖိုးထားကြတာလည်းအမှတ်ရဂုဏ်ယူစရာပြီးတော့မြန်မာ့ အားကစားကမ္ဘာ ကိုလွှမ်းရမယ်ဆိုတဲ့ကြွေးကြော်သံ မရှိ ပေမယ့် လည်းမြန်မာ့အားကစား ဂုဏ် ရောင်သိပ်မမှေးမှိန်ခဲ့ပါ။

အဆိုးထဲမှာအကောင်းများရှာတွေ့လေမလားမျှော်လင့် ရှာဖွေကြည့် ရင်းအကောင်းထဲမှာအဆိုးကိုတွေ့ရ တော့ဆိုခဲ့သလို ကျွန်တော်ပဲ ကံဆိုး လွန်းတာလားလို့ သမိုင်းမဝင်ပေမဲ့သမိုင်းစဉ်ထဲမှာ ရှိနေခဲ့တဲ့ ပုံရိပ်ဆိုးတွေ ကိုအပျော်တွေကြားအမှတ်ကရမိ၊ သတိကရှိ ရပြန်တယ်။ကျွန်တော်တို့  ခပ်ငယ်ငယ်က နိုင်ငံဂုဏ်ဆောာင်အားကစား ပွဲတွေအတွက် မျိုးဆက်သစ်တွေကိုကျောင်းသားပွဲတော်တွေ ကတစ်ဆ င့်မွေးထုတ်လေ့ရှိခဲ့တာမို့  ကျောင်းသားပွဲတော်အကြိုကျောင်းလက်ရွေးးစဉ်ပြိုင်ပွဲတွေက မပြတ်တမ်းရှိခဲ့သလိုကျောင်းအချင်းချင်းရန် ပွဲတွေကလည်း မပြတ်တမ်းရှိခဲ့ပါ တယ်။တစ်ခုသောပွဲဆို ကျွန်တော်မေ့ မရနိုင်အောင်ရှိ ရပါတယ်။

အဲ့ဒါက လမ်းနီ တရုတ်ဘုံကျောင်းကဘတ်စကက်ဘောကွင်း
မှာယှဉ်ပြိုင်တဲ့ဒဂုံနဲ့ လသာဘတ်စကက်ဘောပြိုင်ပွဲဆီ ကနေရိုက်ခတ်
လာတဲ့ရန်ပွဲဟာ ကျွန်တော်တို့ ကလေးငယ် အငယ်တန်းတွေ ကျောင်း ချိန်မှာ တုတ်၊ဓား၊ချိန်းကြိုး၊ သံလက် သီး၊ခဲသီးလောက်လေး၊ခေတ်ကာလ လက်နက်ဆန်းအစုံအလင် ကိုင် ဆောင်တဲ့ကျောင်းသားကြီး တစ် သိုက်ကကျောင်းပေါက်ဝမှာ တွေ့ သမျှ ဒဂုံတစ်ကျောင်းသားကျောင်း သူမှန်သမျှကို ပြေးပြေးရိုက်ရိုက် တိုက်ခိုက်သွားတာနဲ့ ကြုံရဆုံရထိ ခိုက်အနာတရလည်းရှိခဲ့ရပါတယ်။

အဲ့ဒီလိုနဲ့ ဘုမသိဘမသိခံလိုက် ရပြန်တဲ့ရန်ပွဲတွေ၊ဂယက်တွေ များစွာကနေကျွန်တော်လည်း အမြဲလိုလေးညှို့သံကိုကြားမိနိုင် အောင် အလေ့အကျင့်ရှိလို့လာပါ တော့ တယ်။ကိုမင်းသိုက်ဆိုခဲ့တဲ့ဘော လုံးကွင်းထဲကဖိုက်တင်ပွဲကတော့ ကျွန် တော်တို့ရပ်ကွက် (စံပြဖဆပလရပ် ကွက်)နဲ့ ..တို့ကန်တဲ့မင်္ဂလာတောင် ညွန့် မြို့နယ်အဆင့်ဗိုလ်လု ပွဲပါ။ကျွန် တော်ကဘောလုံးဝါသနာအိုး အစ်ကို တွေနဲ့အတူသံဗန်းစင် (အပေါက်ဝိုင်း ပါသံပြားကြီးမျိုးတွေနဲ့ကွင်းဘက် အနီးဆုံးက မဆလာစင် သဏ္ဌာန်ပွဲ ကြည့်စင်ပါ။စင်ကသံဗန်းတွေ၊ သစ် သားထုပ်တန်းတွေ၊ ယက်တွေ၊ ယောက် တွေအကုန်ခွာပြီး ကွင်းထဲပစ်ပေါက် ကြလို့ အဲ့ဒီရန် ပွဲများပြီးကတည်းကကွန်ကရစ်ခုံတွေလုပ်ခဲ့တာလို့တော့ ကျွန်တော့်စိတ်ထဲ အမှတ်အသားရှိနေ မိတာပါပဲ)မှာ ထိုင်ကြည့်လို့အထိ အခိုက်အနာတရ မကင်းခဲ့ပြန်ပါ။

အဆိုးထဲကအကောင်း၊ အကောင်း ထဲက အဆိုးဆိုသလို၊ ယမန်နှစ် ရှစ် လေးလုံး ၂၄နှစ်ပြည့်အမှတ်တရ အဖြစ် မခက်မာတို့(RFA)သတင်း ဌာနကမေးလို့တောင် ဖြေခဲ့ရသေးတဲ့ ကျွန်တော်တို့ ကျောင်းသား လူငယ် တွေအထွေထွေလူမှု မကျေနပ်မူတွေ မှာ အဖြေရှာမရခင် အချင်းချင်းရန် ဖြစ်လေ့ရှိခဲ့ပေမယ့် အရေးကြီး သွေး နီး ဆိုသလို ၈၈မှာ လသာကျောင်းနဲ့ ကျွန်တော်တို့ ဒဂုံက ကျောင်းသားတွေ သွားရောက်ေ သွးညှိနိုင်ခဲ့ကြ၊ ညီ ညွတ်ခဲ့ကြတဲ့ အတိတ်ပုံရိပ်လေး အကြောင်းက ကြည်နူးစရာပါ။

အဲဒီ ၈၈ကာလမှာတန်ပြန် အဖျက်သမားထင်ပြီးဖမ်းခေါ်လာ ကြတဲ့အထဲ ဖိုက်ပွဲလို့ ညွှန်းဆိုခဲ့တဲ့ ကိုယ့်ရပ်ကွက်နဲ ရန်ဖြစ်ထားခဲ့ဖူးတဲ့ ရပ်ကွက်အနီးအပါးမှာနေသူလူတစ်ဦးလည်းပါနေတာမို့ တကယ်ပဲ
အဖျက်သမားဟုတ်မဟုတ်၊မဟုတ်ခဲ့ဘဲမှားယွင်းနေရင်ရန်ငြိုးကြောင့်လို့  ထင်စရာတွေမီးခိုးကြွက်လျှောက်ထပ် ကြုံရမှာစိုးရိမ်လို့ကျွန်တော်နဲ့ သူငယ် ချင်းမိုးမြင့်(ဆရာနီလေးမောင်ရဲ့သား)ကတာဝန်ယူပြီး နှစ်ဦးသားဆိုင်ကယ် ပေါ်စိုက်ထူထားတဲ့ဒေါင်းအလံအား ကိုးပြီး မက္ခရာနယ်မြေသဖွယ်တုတ်၊ ဓားလက်နက်တွေကိုယ်စီနဲ့ကိုယ့်အရပ် ကိုယ်ပြန်ကာ ကွယ်ရေးယူထားကြတဲ့ ရပ်ကွက်ကြိုရပ်ကွက်ကြား ဖြတ်သန်း လို့ အဲ့ဒီအဖမ်းခံထားရသူပြောတဲ့ လိပ်စာဆီအရောက်သွားပြီး သူ့ မိသားစုနဲ့ နောက်ကြောင်းရာဇဝင်ကိုသွား စုံစမ်းသတင်းမေးနိုင်ခဲ့လို့ကိုယ့်ရပ်ကွက်နဲ့ရန်ဖြစ်ဖူးတဲ့ရပ်ကွက်ဆီကလူဖြစ်တဲ့တိုင်အောင် လူ့အသက် တစ်ချောင်းမဆုံးရှုံးရအောင် ဖြူစင်တဲ့ စိတ်အရင်းခံ ညီညွတ်ရေးစိတ်သန္တာန် နဲ့ကယ်တင်ပေး နိုင်ခဲ့ဖူးတာသမိုင်းမှာသေး ငယ်သော် လည်းဂုဏ်မငယ် တဲ့ ဖြစ်စဉ်လေးလို့ ကျွန်တော်တော့ ကြည်ကြည်နူးနူးခံစားရမိပါရဲ့။

မကြာမီ ၁၁-၁၂-၁၃ဆိုတဲ့ အလွန်လှတဲ့ နေ့ရက်လေးတစ်ရက် မှာ ဒေသတွင်း ဂုဏ်ယူစရာအား ကစားပွဲတစ်ရပ်ကို ကျွန်တော်တို့ နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပရပါ တော့မယ်။ ညီညွတ်တဲ့ မြန်မာ၊ သဘောထား ကြီးတဲ့ မြန်မာအဖြစ်နိုင်ငံ့ဂုဏ်ကိုမြှင့်တင်နိုင်ဖို့ ကျွန်တော် တို့ ဆုတောင်း တိုင်းတာ ပြည့်ချင်ပါေ တာ့တယ်။

ကိုမျိုး(မြန်မာစာ)

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ