ဝဏ္ဏသိဒိ္ဓကွင်းဖြစ်ရပ်အတွက် နေပြည်တော်အသင်းတွင်သာ တာဝန်ရှိဟု အသင်းဒု-ဥက္ကဋ္ဌ တောင်းပန်စကားဆို

သို့သော် မီဒီယာများဘက်လိုက်ရေးသားမှုရှိနေဟု စွပ်စွဲ

နေပြည်တော်အသင်း ဒု-ဥက္ကဋ္ဌ ဦးစိုးသီဟက ၀ဏ္ဏသိဒိ္ဓကွင်းတွင်ဖြစ်ပွားခဲ့သော ပြဿနာများအတွက်
နေပြည်တော်အသင်း အုပ်ချုပ်မှုအဖွဲ့တွင်သာ တာဝန်ရှိကြောင်း မဇ္ဈိမသို့ ပြောသည်။

“ဖြစ်ခဲ့တဲ့ ပြဿနာတွေအားလုံးအတွက...် ကျွန်တော်အပါအ၀င် နေပြည်တော်အသင်း အုပ်ချုပ်မှုအဖွဲ့မှာ တာဝန်ရှိ တယ်လို့ ခံယူပါတယ်။ ဘယ်သူ့မှာမှ အပြစ်မရှိပါဘူး။ ကျွန်တော်တို့က ဒီပွဲကိုအစအဆုံး တာဝန်ယူ ကျင်းပ ခဲ့တဲ့အတွက် ကျွန်တော်တို့မှာပဲ တာဝန်ရှိပါတယ်။ ဒီပွဲကို တက်ရောက်ချီးမြှင့်ခဲ့တဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ အားကစားဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ပွဲလာကြည့်တဲ့ ပရိသတ်တွေ၊ တစ်နိုင်ငံလုံးရုပ်သံကနေ ကြည့်ရှုအားပေးခဲ့တဲ့ ပရိသတ်တွေအားလုံးကို နေပြည်တော်အသင်း ကိုယ်စား တောင်းပန်လိုပါတယ်” ဟု ဦးစိုးသီဟက မဇ္ဈိမ၏ဆက်သွယ် မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

သို့သော် ဦးစိုးသီဟက နေပြည်တော်-ရန်ကုန်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး မီဒီယာများ၏ရေးသားဖော်ပြမှုမှာ ဘက်လိုက်ရေးသားမှုများ ရှိနေကြောင်း စွပ်စွဲပြောကြားခဲ့သည်။

“မီဒီယာတွေရဲ့ ရေးသားဖော်ပြမှုတွေနဲ့ ပတ်သက်ပြီး ဘာမှတော့သိပ်မပြောလိုပါဘူး။ ဒါပေမဲ့ ဘက် လိုက်ရေးသား မှုတွေ ရှိနေတယ်လို့ ထင်ပါတယ်။ ဒါကိုလည်း နားလည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရန်ကုန်က ခေါ်လာတဲ့ မီဒီယာတွေဖြစ်နေပြီး ကျွန်တော်တို့ဘက်က မီဒီယာမှမရှိတာ” ဟု ဦးစိုးသီဟက ဆိုသည်။ နေပြည်တော်အသင်း အနေဖြင့် စည်းကမ်းထိန်းသိမ်းရေးမှချမှတ်မည့် ပြစ်ဒဏ်အခြေအနေ အပေါ်မူတည်ပြီး ကစားသမားများကို အရေးယူ ရန်လည်း စီစဉ်ထားကာ လာမည့်ပွဲစဉ်များတွင် ကစား သမားများ ပရော်ဖက်ရှင်နယ် ပိုမိုပီသ လာစေရန်နှင့် ပရိသတ်များ ယဉ်ကျေးစွာ အားပေးတတ်လာစေရန်အတွက် ပညာပေးစည်းရုံးမှုများ ပြုလုပ်ရန် စီစဉ်ထားသည်။

ရဲရင့်ဌေး
Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ