မီတာ ၁ဝဝ ဖားကူးပြိုင်ပွဲတွင် လစ်သူယေးနီးယားမှ ရုတာမိုင်လုတိုက် ကမ္ဘာ့စံချိန် တင်နိုင်ခဲ့


လစ်သူယေးနီးယား အမျိုးသမီး ရေကူးမယ် ရုတာမိုင်လုတိုက်သည် ဇူလိုင် ၂၉ ရက်က ဘာစီလိုနာမြို့၌ ကျင်းပသော ကမ္ဘာ့ချန်ပီယံ အမျိုးသမီး မီတာ ၁ဝဝ ဖားကူး
ပြိုင်ပွဲတွင် ရှေ့ဆုံးမှ ပန်းဝင်ကာ ကမ္ဘာ့စံချိန် တင်နိုင်ခဲ့ကြောင်း သိရသည်။

အသက် ၁၆ နှစ်ရှိ မိုင်လုတိုက်သည် တစ်မိနစ်နှင့် ၄ ဒသမ ၃၅ စက္ကန့်ဖြင့် ပန်းဝင်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိ ကမ္ဘာ့စံချိန် တင်ထားသော အမေရိကန် ရေကူးမယ် ဂျက်ဆီကာဟာ ဒီထက် သုည ဒသမ ၁ဝ စက္ကန့်ပိုစော၍ ပန်းဝင်နိုင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရေကူးမယ်သည် ဗြိတိန် နိုင်ငံတွင် နေထိုင်လေ့ကျင့်ခဲ့သူ ဖြစ်ပြီး ယမန်နှစ် လန်ဒန်အိုလံပစ် ပြိုင်ပွဲ၏ အထင်ကရ ရေကူးမယ်များတွင် တစ်ဦး အပါအဝင်ဖြစ်သလို အသက် ၁၅ နှစ်အရွယ်ကပင် မီတာ ၁ဝဝ ဖားကူးပြိုင်ပွဲ၌ ရွှေတံဆိပ်ဆု ရယူနိုင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ