အံ့သြဖွယ် အောင်မြင်မှု မှတ်တမ်းကို ပိုင်ဆိုင်ခဲ့တဲ့ ရော်နယ်ဒင်ဟို


ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်က ကျင်းပခဲ့တဲ့ ကိုပါလစ်ဘာတာဒိုး ဗိုလ်လုပွဲစဉ် အပြီးမှာ ဘရာဇီး စူပါစတား ရော်နယ်ဒင်ဟို အနေနဲ့ အံ့အားသင့်ဖွယ် အောင်မြင် မှုမှတ်တမ်းတစ်ခုကို ပိုင်ဆိုင် သွားခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ရော်နယ်ဒင်ဟို ပါဝင်တဲ့ ဘရာဇီးကလပ် အက်သလက်တီကို မင်နဲရိုးအသင်းဟာ ပါရာဂွေးက အိုလင်ပီယာ အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရ ဗိုလ်စွဲ သွားခဲ့ပါတယ်။ ဒီဆုဖလားဟာ ရော်နယ်ဒင်ဟို တစ်ခါမှမရဘူးတဲ့ ဖလားဖြစ်ပါတယ်။ သူ့အနေနဲ့ စပိန်နဲ့ အီတလီတွေမှာ အမှတ်ပေး ချန်ပီယံဆုတွေ ရရှိဖူးပြီး ဥရောပနဲ့ တောင်အမေရိက ဒေသဆိုင်ရာ ဆုဖလားတွေ အများအပြားလည်း ရရှိခဲ့တဲ့အတွက် အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒင်ဟို အတွက် အခုရရှိတဲ့ ဆုဖလားကြောင့် ပြီးပြည့်စုံတဲ့ မှတ်တမ်းတစ်ခုကို ပိုင်ဆိုင် သွားခဲ့ပါတယ်။

''ဒီဆုဖလားဟာ ကျွန်တော် မရဘူးသေးတဲ့ ဖလားတစ်လုံး ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော် ဘရာဇီးကို ပြန်လာခဲ့တာပါ'' လို့ ရော်နယ်ဒင်ဟိုက ဆိုခဲ့ပါတယ်။ အက်သလက်တီကို မင်နဲရိုး အသင်းဟာ ပထမအကျော့မှာ ၂ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ ဒုတိယ အကျော့မှာ ပြန်လည် အနိုင်ရ ဗိုလ်စွဲခဲ့တာ ဖြစ် ပါတယ်။ ရော်နယ်ဒင်ဟိုကို ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကမ္ဘာ့ အကောင်း ဆုံး ဘော လုံးသမားအဖြစ် World Soccer မဂ္ဂဇင်းက ရွေးချယ်ခဲ့ပါတယ်။ သူဟာ ဘရာဇီး အသင်းနဲ့ ကမ္ဘာ့ဖလား၊ ဘာစီလိုနာ အသင်းမှာ လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလား၊ အေစီမီလန်နဲ့ စီးရီးအေသရဖူတို့ ရရှိခဲ့တဲ့အပြင် တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး ဘောလုံး သမားဆုကိုလည်း ရရှိခဲ့ပါတယ်။

၂ဝဝ၆ ခုနှစ် ကမ္ဘာ့ဖလားမှာတော့ ခြေစွမ်းမပြနိုင်ခဲ့ဘဲ ၂ဝဝ၇ ခုနှစ်မှာ အခြေအနေတွေ ပိုမိုဆိုးရွားခဲ့ပြီး ဘရာဇီးနည်းပြ ဒွန်ဂါက ကိုယ်အလေးချိန် လွန်ကဲနေတယ်လို့ သူ့ကို လူသိရှင်ကြား ဝေဖန်ခဲ့ဖူးပါတယ်။ ပါတီပွဲတွေ အများအပြား တက်ရောက်နေခဲ့ပြီး ညဥ့်နက်တဲ့ အချိန်အထိ အလည်လွန်ခဲ့တာကြောင့် ခန္ဓာကိုယ် အလေးချိန် မထိန်းနိုင်ခဲ့တာ ပါ။ နောက်တစ်နှစ် အကြာမှာတော့ အေစီမီလန်ကို ပြောင်းရွှေ့ခဲ့ပြီး အစပိုင်းမှာ ပုံစံကောင်း မရခဲ့ဘဲ ရုန်းကန်ခဲ့ရပေမဲ့ ၂ဝဝ၉-၂ဝ၁ဝ ရာသီမှာတော့ အီတလီစီးရီးအေရဲ့ ဖန်တီးပေးပို့မှု အကောင်းဆုံးကစား သမားတစ်ဦး ဖြစ်လာ ခဲ့ပြန်ပါတယ်။

ဒါပေမဲ့ နောက်ရာသီမှာတော့ ပထမ ၁၁ ယောက်မှာ နေရာရဖို့ ခက်ခဲခဲ့ပြီး ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ အသင်းက ထွက်ခွာခဲ့ရပါတယ်။ အဲဒီနောက်မှာ ဘရာဇီးမြေကို ပြန်လည် ခြေချခဲ့ပြီး ဘရာဇီးရဲ့ အကြီးဆုံးကလပ် အသင်းဖြစ်တဲ့ ဖလာမင်ဂိုနဲ့ လေးနှစ် စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဒါပေမဲ့ ၁၈ လအကြာမှာ အသင်းကသူ့ကို လေ့ကျင့်ရေး ပျက်ကွက်မှု၊ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့ လစာကိစ္စ အငြင်းပွားမှုတွေကြောင့် အသင်းကနေ နုတ်ထွက်ခွင့် ပေး လိုက်ပါတယ်။ အဲဒီနောက်မှာ အက်သလက်တီကို မင်နဲရိုးအသင်းကို အံ့အားသင့်ဖွယ်ရာ ပြောင်းရွှေ့ သွားခဲ့ပါတယ်။ ဒီလိုနဲ့ မင်နဲရိုး အသင်းမှာ ကိုပါလစ်ဘာ တာဒိုးအသင်းကို ရရှိခဲ့တာပါပဲ ဖြစ်ပါတယ်။

သူ့အနေနဲ့ ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဘရာဇီး လက်ရွေးစင် အ
သင်းမှာ ပါဝင်နေလိုဆဲပဲ ဖြစ်ပါတယ်။ သူ့လိုပဲ ဘရာဇီးသားတွေ ဖြစ်တဲ့ ဒီဒါ၊ ကာဖူးနဲ့ ရော့ကေးဂျူနီယာ၊ အာဂျင်တီးနားသားတွေ ဖြစ်တဲ့ တိဗက်ဇ်၊ ဆင်မြူရယ်နဲ့ ဆိုရင်တို့ဟာလည်း ကိုပါလစ်ဘာတာဒိုးနဲ့ ဥရောပ ချန်ပီယံလိဂ် ဖလားနှစ်ခု စလုံးကို ဆွတ်ခူးခဲ့ဖူးသူတွေ ဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီကတောင် ရော်နယ်ဒင်ဟို ဟာဘာကာရဲ့ မန်နေဂျာတွေထက် အ
သင်းကို ၂ဝဝဝ ပြည့်နှစ်လွန် ကာလတွေမှာ ကမ္ဘာ့အကောင်းဆုံး ကလပ်အဖြစ် ပိုမိုစွမ်းဆောင် ပေးနိုင်ခဲ့တယ်လို့ ချီးကျူးခဲ့ပါတယ်။ အခုရရှိတဲ့ ဖလားတင် မကပါဘူး။ လာမယ့် ဒီဇင်ဘာလမှာ မော်ရိုကိုမှာ ကျင်းပမယ့် ကမ္ဘာ့ကလပ် ချန်ပီယံရှစ် ဖလားကိုရခဲ့ရင် ရော်နယ်ဒင်ဟိုအတွက် ဒုတိယမြောက် ကမ္ဘာ့ကလပ်ဖလား ဖြစ်လာပါလိမ့်မယ်။ အသက် ၃ဝ ကျော်မှာ အောင်မြင်မှုတွေ ရနေသေးတဲ့ ရော်နယ်ဒင်ဟိုကိုတော့ ချီးကျူး မှတ်တမ်း တင်ရတော့မှာ ဖြစ် ပါတယ်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ