ကိုယ်အလေးချိန် ကျဆင်းလာပြီးနောက် ပိုမိုဆွဲဆောင်မှု ရှိလာသည့် ခရစ္စတီးနား အဂွယ်လဲရာ


ကိုယ်အလေးချိန် အလွန်များလာခဲ့သည်ဟု ပြီးခဲ့သည့်နှစ်က ဝေဖန်ခံရသော အဆိုတော် ခရစ္စတီးနား အဂွယ်လဲရာသည် လှပသော ပန်းရောင် ဂါဝန်တိုလေးကို ဝတ်ဆင်၍ဇူလိုင် ၂၈ ရက်က Beverly Hills တွင် ကျင်း ပသော NBC သတင်းစာ ရှင်းလင်းပွဲ အခမ်းအနားသို့ တက်ရောက် လာခဲ့ကြောင်း သိရသည်။ ခရစ္စတီးနားက ကိုယ်အလေးချိန် ပေါင် ၂ဝ ကျစေရန်အတွက် ကယ်လိုရီနည်းသော အစားအစာများကို ရွေးချယ် စားသောက်ပြီး ယောဂ ကျင့်စဉ်နှင့် ကိုယ်လက် လှုပ်ရှားမှုများကို မှန်မှန်ပြုလုပ်ခဲ့ကြောင်း၊ လူအများက သူမ၏ ကိုယ်အလေးချိန် တက်လာခြင်းနှင့် စပ်လျဉ်း၍ မကြာခဏ ဝေဖန်ကြ သည့် အတွက် ခရစ္စတီးနားက သွယ်လျသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင် လိုကြောင်း အတွင်းသိတစ်ဦးက US Weekly သို့ ပြောကြားခဲ့သည်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ