သင်္ဃန်းကျွန်း လော်ကယ်ရထား တိုက်မှုကြောင့် လူတစ်ဦး သေဆုံး
ရန်ကုန် သြဂုတ် ၅
ဇူလိုင် ၂၉ ရက် နံနက် ၁၁ နာရီခွဲခန့်က သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန် ရပ်ကွက်နှင့် ကြီးပွားရေး ရပ်ကွက်ကြား သုဝဏ္ဏ ၃၈ ကားဂိတ်အနီး မီးရထားသံလမ်းကူး စင်္ကြံတံတားနှင့် ပြည်ထောင်စုခုံးကျော် တံတားကြား မီးရထားသံလမ်းကို အမည်မသိ (စုံစမ်းဆဲ) အသက် ၄ဝ ခန့် အမျိုးသမီး တစ်ဦး လမ်းဖြတ်ကူး စဉ် ဒဂုံတက္ကသိုလ်ဘက်မှ ရန်ကုန်ဘူတာကြီးသို့ ခရီးသည်တင်ဆောင်၍ စက်ခေါင်းမောင်း ဦးမြင့်အောင်၊ ရထထ ဦးလှမြိုင်တို့ မောင်းလာသော စက်ခေါင်းအမှတ် DF1618 လော်ကယ်ရထား တိုက်မှုကြောင့် လူသေမှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၉ ရက် နံနက် ၁၁ နာရီခွဲခန့်က မီးရထား စက်ခေါင်းမောင်း ဦးမြင့်အောင်၊ ရထထ ဦးလှမြိုင်တို့ မောင်းလာသော စက်ခေါင်းအမှတ် DF1618 နှင်းဆီလော်ကယ် အမှတ်(၄) ရထားသည် ဒဂုံတက္ကသိုလ် ဘူတာမှ ရန်ကုန်ဘူတာကြီးသို့ ခရီးသည်တင်ဆောင် ၍ မောင်းလာစဉ် တိုးကြောင်ကလေး ဘူတာနှင့် ငမိုးရိပ်ဘူတာကြား (မိုင်တိုင်အမှတ် ၅/၉၁ဝ ကြား) သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန် ရပ်ကွက်နှင့် ကြီးပွားရေး ရပ်ကွက်ကြား ၃၈ ကားဂိတ်အနီး ရထားသံလမ်းကူး စင်္ကြံတံတားနှင့် ပြည်ထောင်စု ခုံးကျော်တံတားကြား သံလမ်းပေါ်မှ အသက် ၄ဝ ခန့် အမျိုးသမီးတစ်ဦး အင်္ကျီအဖြူကွက်နှင့် ထမီအပြာပွင့် ဝတ်ဆင်သူ လမ်းဖြတ်ကူးရာမှ တိုက်မိမှု ဖြစ်ပွားခဲ့ရာ တိုက်ခံရသူမှာ ခြေထောက်နှစ်ချောင်း ပေါင်ရင်းမှပြတ်၊ ခါးပြတ်၊ ညာလက်ကောက်ဝတ်ပြတ်၊ အူများထွက်ကျ ဒဏ်ရာများရရှိပြီး နေရာ တွင် သေဆုံးခဲ့သည်။
အဆိုပါ ဖြစ်စဉ်သို့ သင်္ဃန်းကျွန်း မီးရထားတပ်ခွဲ ၁၂ တပ်စု (၃) မှ စုမှူး ဒုတိယရဲအုပ် သန်းအေးနှင့် အဖွဲ့၊ ရထား လခရမှ ဒုတိယတပ်ကြပ် အောင်ရီ၊ သုဝဏ္ဏ ရဲစခန်းမှူး ရဲအုပ် ထွန်းအောင်ကျော်၊ ကြီးပွားရေး ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးကို၊ မြို့နယ် အရန်မီးသတ် ဒုတိယ တပ်ရင်းမှူး ခင်မောင်ထွန်းတို့ ရောက်ရှိ ပြီး အလောင်းအား စံပြဆေးရုံကြီးသို့ ပို့ဆောင်ကြရာ ဆေးရုံမှ ပီအာရ် ၅၇ ဖြင့် လက်ခံ ခဲ့ကြသည်။
သေမှုသေခင်းအား သုဝဏ္ဏ ရဲစခန်းမှ ဒုတိယရဲအုပ် ဝင်းနိုင်က တရားလိုပြုလုပ် အမှုဖွင့်ခဲ့ရာ စခန်းမှ သေမှု သေခင်းအမှတ် ၈/၂ဝ၁၃ ဖြင့် အမှုဖွင့်ခဲ့ပြီး အမှုစစ် စခန်းမှူး ရဲအုပ် ထွန်းအောင်ကျော်က စစ်ဆေးလျက် ရှိသည်ဟု သိရသည်။
မြ၀တီ
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
မှုခင်း
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin