စတိဗ်ဂျော့ သမိုင်းကြောင်း ရုပ်ရှင် သြဂုတ် ၁၆ ရုံတင်မည်


Apple ကုမ္မဏီအား ပူးတွဲတည်ထောင်သူ စတိဗ်ဂျော့အကြောင်းကို ရိုက်ကူးတဲ့ ရုပ်ရှင် ဖြစ်ပါတယ်။ ရုပ်ရှင် အမည်ကို American Legend လို့ အမည်ပေးထားပါတယ်။

သြဂုတ်လ ၁၆ ရက်နေ့ စတင် ရုံတင်ဖို့ အတည်ပြုလိုက်ပါပြီ။ သို့ပေမယ့် ကမ္ဘာအနှံ့ ရုံတင်ပြသနိုင်ဖို့က ဆွေးနွေး တိုင်ပင်ဆဲ ကာလဖြစ်ကြောင်း ဆိုပါတယ်။ ရုပ်ရှင် ၁၉၇၁ ခုနှစ်ကစလို့ ပထမဆုံး iPod တီထွင်တဲ့ကာလအထိ အနှစ် ၃၀ စာကို Cover လုပ်ထားပါတယ်။

အများစု ပေးတဲ့ ဝေဖန်ချက်အရ ရုပ်ရှင်စတိဗ်ဂျော့ အကြောင်း ပြည့်ပြည့်စုံစုံကို မီးမောင်းမထိုးပြနိုင်ပေမယ့် Apple ဖြစ်ပေါ်လာပုံကို အခြေခံအားဖြင့် ဖော်ပြနိုင်တဲ့ ရုပ်ရှင်လို့ ဆိုပါတယ်။ Apple တင်မက Pixar တို့လို အခြား စတူဒီယိုလုပ်ငန်းတို့ကို စတိဗ်ဂျော့တစ်ယောက် ဘယ်လောက်ထိ ကြိုးစားဖန်တီးသွားတယ်ဆိုတာကို ရိုက်ကူးပြသထားတဲ့ ရုပ်ရှင် ဖြစ်ပါတယ်။

ရုပ်ရှင်က စတိဗ်ဂျော့ကွယ်လွန်သွားချိန်အထိကို မလွမ်းခြုံထားပါဘူး။ ပထမဆုံး iPod မျိုးဆက် ဖန်တီးချပြ နိုင်မှုနဲ့ အဆုံးသတ်ထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း အဝေဖန်ခံရတာပါ။ Dermot Mulroney, Josh Gad, Lukas Haas, J.K. Simmons နဲ့ Matthew Modine အစရှိတဲ့ ရုပ်ရှင်သရုပ်ဆာင်များ ပါဝင်ပေးထားပါတယ်။ အသက် ၄၉ နှစ်ရှိပြီဖြစ်တဲ့ Dermot Mulroney ကပဲ စတိဗ်ဂျော့နေရာမှာ ပါဝင်သရုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

ရုပ်ရှင် Trailer များကို အောက်မှာ ကြည့်ရှု နိုင်ပါတယ်။


Aung Kham (TSJ team)
TechSpace Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ