ဦးလူမင်း(ဥက္ကဋ္ဌ-မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး) နှင့် တွေ့ ဆုံ မေးမြန်းခန်း

ဘယ်သင်တန်းဆင်း လက်မှတ်တွေရှိလဲမေးပြီဆိုတော့ ကျွန်တော်တို့ဆီမှာ ဘာလုပ်တတ်ပါတယ်ဆိုပြီး ချပြစရာမရှိသလို ဘယ်သင်တန်းဆင်း လက်မှတ်မှလဲ မရှိဘူးဖြစ်နေကြတယ်'

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန်နှင့် ပတ်သက်သည့်လိုအပ်သည်များ ကိုအကြံပြုပြောပေးရန်အတွက် ဩစတြေးလျမှ ရောက်ရှိလာသော Kate James နှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယကအဖွဲ့ဝင်များ၊ ဥက္ကဋ္ဌ ဦးလူမင်းတို့ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြရာ အ ဆိုပါဆွေးနွေးမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဦးလူမင်းနှင့်တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါတယ်။

ဦးလူမင်း(ဥက္ကဋ္ဌ-မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး)
====================
နွေးနွေးတွေ့ဆုံမေးမြန်းသည်။ သြဂုတ်(၈)၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
====================

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန်နှင့် ပတ်သက်သည့်လိုအပ်သည်များ ကိုအကြံပြုပြောပေးရန်အတွက် ဩစတြေးလျမှ ရောက်ရှိလာသော Kate James နှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယကအဖွဲ့ဝင်များ၊ ဥက္ကဋ္ဌ ဦးလူမင်းတို့ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြရာ အ ဆိုပါဆွေးနွေးမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဦးလူမင်းနှင့်တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး - ဩစတြေးလျကရောက်လာတဲ့ Kate James နဲ့မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင်တွေ ဆွေးနွေးတယ်ဆိုတာနဲ့ပတ်သက်ပြီး ပြောပြပေး ပါဦး။

ဖြေ - ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှု ပိုင်းနဲ့ပတ်သက်ပြီးတော့ သူ့ကိုအကြံဉာဏ်ပေး ဖို့ ကျွန်တော်တို့ကမ်းလှမ်းခဲ့ကြတာပါ။ အစည်း အရုံးက နာယကတွေနဲ့ ဆွေးနွေးဖြစ်တယ်ဆိုတာ ကလည်း သူ့ဆီက အကြံဉာဏ်တောင်းတဲ့သဘော ပါ။ ပြီးတော့ သူနဲ့ပတ်သက်ပြီး နိုင်ငံတကာက အဆက်အသွယ်တွေရမလားဆိုပြီး ဆွေးနွေး ဖြစ်ခဲ့ကြတာပါ။ သူက ကမ္ဘာကျော်ကားကြီးတွေ ရိုက်ကူးတဲ့နေရာမှာ အကြံဉာဏ်ပေးတဲ့အပိုင်း မှာလုပ်လာတာ နှစ်ပေါင်း ၃ဝကျော်နေပါပြီ။ အဲ ဒီတော့ သူ့ရဲ့အတွေ့အကြုံပိုင်းနဲ့ပတ်သက်ပြီး တော့ ကျွန်တော်တို့က လေ့လာဆွေးနွေးတဲ့ သဘောပါ။

မေး - ဘယ်လိုအကြောင်းအရာမျိုး တွေ ဆွေးနွေးဖြစ်ခဲ့ကြလဲ။

ဖြေ - မြန်မာနိုင်ငံရုပ်ရှင်အ စည်းအရုံးကို နိုင်ငံတကာ က လာဆွေးနွေးကြပါတယ်။ ကျွန်တော်တို့ဆီမှာရှိနေတဲ့ အချက်အလက်တွေကို လည်း တောင်းကြပါတယ်။ သူတို့ အချက်အလက်တွေကို ရေး မှတ်ကြတယ်။ ပြီးတော့ပြန် သွားကြတယ်။ ဒီနေ့ဒီအ ချိန်အထိ ဒီလိုမျိုး ဖက်စပ် ပြီးတော့ လုပ်ရမယ့်ဇာတ် ကားကြီးတစ်ကားမှ မပေါ် ပေါက်သေးသလို ဖက်စပ် လုပ်ငန်းတစ်ခုဆိုတာလည်း မပေါ်လာသေးပါဘူး။ မပေါ်လာသေးဘူးဆိုတာ ကလည်း ကျွန်တော်တို့ဆီကပဲ အချက်အလက် တွေတောင်းပြီး ပြန်သွားကြတာကြောင့်ပါ။ အ ခု ဗိုလ်ချုပ်ရုပ်ရှင်အတွက် လိုအပ်တဲ့အကြံပေးမှု တွေကိုပေးဖို့အတွက် ရောက်နေတဲ့သူက အ ကြံပေးမှုအပိုင်းမှာ အလွန်ကိုတော်ပြီး တိကျတဲ့ သူတစ်ဦးပါ။ သူ့မှာ အတွေ့အကြုံတွေရှိနေပြီ ဆိုတော့ ဗိုလ်ချုပ်ရုပ်ရှင်ကို ဘယ်လိုအနေအ ထားမျိုးနဲ့ ရိုက်မလဲ၊ ဘယ်လိုတွေလုပ်သင့်သလဲ ဆိုတာတွေကို သူ့ဆီက အကြံဉာဏ်ယူတဲ့သဘော ပါ။ အစည်းအရုံးနဲ့ပတ်သက်ပြီးတော့လည်း ကျွန် တော်တို့ သူ့ဆီက အကြံဉာဏ်တောင်းတဲ့ သ ဘောမျိုးနဲ့ တွေ့ဆုံဖြစ်ကြတာပါ။ သူ့ရဲ့သ ဘောထားအမြင်လေးတွေကို လိုချင်တာလည်း ပါပါတယ်။

မေး - မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးကနေပြီးတော့ အနု ပညာပိုင်းတွေနဲ့ပတ်သက် ပြီး ပညာသင်လွှတ်မယ် ဆိုတာနဲ့ပတ်သက်ပြီး တော့လည်း ပြောပြပေး ပါဦး။

ဖြေ - ကျွန်တော်တို့ ဆီမှာရှိနေတဲ့သူတွေ က မတော်ဘူးလား ဆိုတော့ မဟုတ်ဘူး၊ တော်တယ်။ မလုပ် တတ်ဘူးလား ဆို တော့လည်း မဟုတ် ဘူး၊ လုပ်တတ်တယ်။ ဒါပေမဲ့ နိုင်ငံတကာ နဲ့ ပတ်သက်ပြီးတော့ လုပ်ရတော့မယ်လဲဆိုရော သူတို့က မေးမယ်။ ဟုတ်ပြီ၊ သူလုပ်တတ်တယ်၊ ဘာတွေ လုပ်တတ်တာလဲ။ ဘယ်သင်တန်းဆင်း လက်မှတ်တွေရှိလဲမေးပြီ။ ဆိုတော့ ကျွန်တော် တို့ဆီမှာ ဘာလုပ်တတ်ပါတယ်ဆိုပြီး ချပြစရာ မရှိသလို ဘယ်သင်တန်းဆင်းလက်မှတ်မှလည်း မရှိဘူးဖြစ်နေကြတယ်။ ကင်မရာပိုင်းနဲ့ပတ်သက် ရင်လည်း ပရော်ဖက်ရှင်ဖြစ်တဲ့သူ ဆက်တင်ပိုင်း နဲ့ပတ်သက်ရင်လည်း သူ့အဆင့်အတန်းနဲ့သူဖြစ် မယ့်သူ ဖြစ်နေမယ်ပေါ့နော်။ နောက် မျိုးဆက် သစ်ကို ကျွန်တော်တို့က အခုကတည်းက မွေး ထုတ်ရမယ်။ ဒီအတိုင်းသွားနေမယ်ဆိုရင် ကျွန် တော်တို့တုန်းကလည်း ဘိုးစဉ်ဘောင်ဆက် တွေရဲ့လုပ်ဆောင်ချက်တွေကို လေ့လာပြီးတော့ သင်ယူခဲ့ရတာ စနစ်တကျနဲ့ တတ်မြောက်လာ တာမျိုးမဟုတ်ဘူး။ နောက်မျိုးဆက်သစ်တွေ လက်ထက်ကျရင် ဒီလိုမျိုးမဖြစ်စေချင်တာရယ်၊ နောက် ပြီးတော့ မြန်မာနိုင်ငံက နောက်ပိုင်းမှာ နိုင်ငံတကာနဲ့ တစ်ရွာတည်း၊ တစ်ရပ်ကွက်တည်း နေရမယ့်အခြေအနေမျိုးမှာ ကိုယ့်ဆီက ကလေး တွေက စနစ်တကျတတ်မြောက်ထားတာမျိုးမရှိ ဘူးဆိုရင် အောက်ကျခံနေရမှာပဲ။ ဒါကြောင့် သင်တန်းတွေတက်နိုင်ဖို့အတွက် စီစဉ်နေတာ ပါ။

မေး - အများပိုင်ကုမ္ပဏီနဲ့ ပတ်သက်ပြီးတော့ အခုလက်ရှိ ဘာတွေလုပ်ဆောင်နေလဲ။

ဖြေ - အခုချိန်မှာတော့ ကျွန်တော်တို့ကုမ္ပဏီ မှတ်ပုံတင်ရဖို့အတွက် မှတ်ပုံတင်တင်ထားတုန်း ပဲရှိပါသေးတယ်။

Yangon Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ