မေသန်းနု - စီးပွားရေးလုပ်တယ်ဆိုတာ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှလုပ်လို့ရတာ

Q. မဆင့်တို့Royal Star မှာ တာဝန်ခွဲဝေယူမှုတွေကရော
...
A. ဒီမှာပါတဲ့ သူတွေကအကုန် အလုပ်များတဲ့သူတွေဆိုတော့ အား လုံးက အဆင်ပြေတဲ့အချိန် အလှည့် ကျ မကြာမကြာတော့လာဖြစ်နေမှာ ပါ။ မဆင့်၊ ဇာကြီးနဲ့ မမြတ်မြတ်ဦး တို့ကတော့ နီးတဲ့အတွက် ဆိုင်ကိုပို လာဖြစ်မယ်ပေါ့။

Q. ဘာကြောင့်ပူးပေါင်းပြီးလုပ် ဖြစ်သွားတာလဲ

A. မဆင့်တို့က အသက်အ ရွယ်လည်းရလာပြီ။ ကားရိုက်လည်း နည်းနည်းကျဲလာပြီ။ စီးပွားရေး တစ် ခုလုပ်မယ်ဆို အနုပညာနဲ့ ဆက်စပ် နေတဲ့အလုပ်မျိုးလည်း လုပ်ချင်တယ်။ မမြတ်မြတ်ဦးကလည်း ဒီလို လုပ်ချင်တယ်လို့ သူပြောထားတာရှိတယ်။ မဆင့်ကလည်း စဉ်းစားထားတာရှိတယ်ဆိုတော့ ဒီမှာပါတဲ့ မောင်နှမတွေကို စည်းရုံးလိုက်တယ်။ စီးပွားရေးလုပ်တယ်ဆိုတာတစ် ယောက်ကိုတစ်ယောက်ယုံကြည်မှ လုပ်လို့ရတာလေ။ ဒီမှာပါတဲ့ သူတွေ ကလည်းတစ်ယောက်ကိုတစ်ယောက် ယုံကြည်တဲ့သူတွေဆိုတော့ လုပ်ဖြစ် သွားတာ။

Q. မဆင့်ရှေ့မှာ ရုပ်ရှင်နဲ့ ပတ် သက်တဲ့စီးပွားရေးလုပ်ခဲ့သေးတယ်နော်

A. မဆင့် ရိုက်ကူးရေးပစ္စည်း ငှားတဲ့အလုပ်ကတော့ ခုထိရှိသေးတယ်။

Q. သရုပ်ဆောင်တစ်ယောက် အနေနဲ့ စီးပွားရေးလုပ်ရတာ ဘယ်လိုအတွေ့အကြုံရစေပါလဲ

A. မဆင့်တို့ကတော့ ပရိသတ်နဲ့မစိမ်းဘူး။ ဒီအလုပ်ကလည်း မဆင့်တို့ရှစ်ယောက်ရဲ့ ချစ်တဲ့ပရိ သတ်တွေပါမယ်။ အဆင်ပြေမယ်လို့ မဆင့်ထင်ပါတယ်။ ဒီမှာမဆင့်တို့က မွေးနေ့၊ မင်္ဂလာဆောင်၊ အခမ်းအ နားဖွင့်ပွဲ၊ ကုမ္ပဏီဖွင့်ပွဲတွေအတွက် ၀န်ဆောင်မှုအကုန်ပေးမယ်။ ဓာတ် ပုံ၊ ဗီဒီယိုအကုန်ပါမယ်။ မင်းသား မင်းသမီး အားလုံး ဒီ Royal Star က ဆက်သွယ်ပေးမှာပေါ့။ မဆင့်တို့ ကပရိသတ်နဲ့အလုပ်လုပ်ရတာလေ။ ဒီအလုပ်လည်း ပရိသတ်ကို အား ကိုးပြီး မဆင့်တို့လုပ်ခဲ့တာ။ ပရိသတ် တွေ Royal Star ကို အားပေးပါ ဦးလို့ဖိတ်ခေါ်ပါတယ်။

Q. မင်းသန့်မောင်မောင်ကို ရော အနုပညာအလုပ်တွေလုပ်ခိုင်း ဖို့အစီအစဉ်ရှိလား

A. ခုချိန်ထိတော့ ဘာမှမလုပ် ခိုင်းသေးဘူး။ ကျောင်းကလည်း မပြီးသေးဘူး။ ခုမှဆယ်တန်းပဲရှိ သေးတော့ စောပါသေးတယ်။

ှQ. သူကရော

A. သူကတော့ နည်းနည်းပါး ပါးတော့ ၀ါသနာပါမှာပေါ့။ ငယ်သေးတော့ မခန့်မှန်းတတ်သေးဘူး။

Q. မဆင့်ကရော

A. မဆင့်ကတော့ အဓိကသူ့ ကို ပညာတတ်တစ်ယောက်ဖြစ်စေချင်တယ်။ ပညာနဲ့ ပတ်သက်တဲ့အ လုပ်လုပ်မှာလား။ မိဘတွေလိုပဲ အနုပညာနဲ့ပတ်သက်တဲ့အလုပ်လုပ်မှာလားက သူရွေးတဲ့အပေါ်မှာ မဆင့် တို့က ပံ့ပိုးပေးရမှာပေါ့။ အနုပညာသမားက အတက်အကျရှိတယ်။ အောင်မြင်တာရှိသလို ကျရှုံးတာ လည်းရှိတယ်။ လူကစိတ်ဓာတ်ခိုင်မာဖို့လိုတယ်။ မအောင်မြင်တဲ့အခါ လူက စိတ်ဓာတ်ကျလွယ်တယ်။ အဲဒါမျိုး သူ့ကိုမဖြစ်စေချင်ဘူး။

Q. မဆင့်ရော စိတ်ဓာတ်ကျ တဲ့အခိုက်အတန့်တွေကို ဘယ်လို ဖြတ်ကျော်ခဲ့ဘူးလဲ

A. အဆင်ပြေနေရင် မသိသာ ဘူးလေ။ အဆင်မပြေရင်တော့ စိတ်ဓာတ်ကျတာ သိသာတယ်။ မဆင့်ကတော့ အဆင်ပြေတာ မပြေတာထက် ကိုယ်လုပ်မှကိုယ်ရမယ်ဆိုတဲ့ အသိရှိတယ်။ စိတ်ဓာတ်ကျနေလည်း ကိုယ့်မှာမိသားစုရှိတယ်။ ကိုယ်စိတ်ဓာတ်
ကျနေလို့ မဖြစ်ဘူးလေ။ အဲဒီတော့ အမြဲတမ်းကိုယ့် စိတ်ဓာတ်ကိုမြှင့်တင်
ထားရတာပေါ့။

8 DAYS A WEEK ENTERTAINMENT

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ