မန်ယူနိုက်တက် အသင်း၏ ကမ်းလှမ်းချက်ကို လက်ခံရန် အိုဇေး တိုက်တွန်း သွားမည်

ရီးရဲလ်မက်ဒရစ် အသင်း၏ ကွင်းလယ် ကစားသမား အိုဇေးသည် မန်ယူနိုက်တက် အသင်းသို့ ပြောင်းရွေ့ရန် စိတ်ဝင်စား နေကြောင်း သိရသည်။

Daily Mail ၏အဆိုအရ မန်ယူနိုက်တက်သည် ယခုနှစ် နွေရာသီတွင် မဖြစ်မနေ ကြီးမားသော ခေါ်ယူမှု တစ်ခု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ အိုဇေးအား (၂၀၁၀)ခုနှစ် ၀ါဒါဘရီမင်တွင် ကစားနေစဉ် ကတည်းက ဆာအဲလက်စ်က ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သော်လည်း၊ အိုဇေးက ရီးရဲလ်မက်ဒရစ် အသင်းကိုသာ ရွေးချယ်သွားခဲ့သည်။

သို့သော်လည်း လက်ရှိ ရီးရဲလ်မက်ဒရစ် အသင်းသည် ဘေးလ်ကို ခေါ်ယူရေး လုံးပန်းနေပြီး၊ လက်ရှိကွင်းလယ် ကစားသမား အများအပြား ပိုင်ဆိုင်ထားသည်။ အိုဇေးအနေဖြင့် လာမည့်ရာသီတွင် ပုံမှန် ပွဲထွက်ခွင့် ရရန် မရေရာသော အခြေအနေမျိုး ဖြစ်နေသောကြောင့် အေးဂျင့်ဖြစ်သူက မန်ယူအသင်း၏ ကမ်းလှမ်းချက်ကို ကြိုဆို လိုက်သည်။ ထို့အပြင် ရီးရဲလ်မက်ဒရစ် အသင်းသည်လည်း စံချိန်တင် ပြောင်းရွေ့ကြေးဖြင့် ဘေးလ်ကို ခေါ်ယူရန် ဘဏ္ဍရေး လိုအပ်ချက် ရှိနေကြောင်း သိရသည်။

၂၀၁၆ ခုနှစ်တွင် ရီးရဲလ်မက်ဒရစ်ဖြင့် စာချုပ်သက်တမ်း ကုန်ဆုံးမည့် အိုဇေးအနေဖြင့် ကမ္ဘာ့ဖလား နီးကပ်လာပြီ ဖြစ်သောကြောင့် ၎င်းအတွက် ပုံမှန်ပွဲထွက်ခွင့်မှာ အရေးကြီးကြောင်း၊ ထို့ကြောင့် မန်ယူအသင်း၏ ကမ်းလှမ်းချက်ကို လက်ခံသွားရန် တာဝန်ရှိသူများကို တိုက်တွန်းသွားမည် ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။ လက်ရှိ ရီးရဲလ်မက်ဒရစ်တွင် ကွင်းလယ် ကစားသမား များအဖြစ် အသစ်ခေါ်ယူထားသော အစ္စကိုနှင့် အီလာရမ်မန်ဒီ၊ ကာကာ၊ မိုဒရစ်၊ ခီဒီရာ၊ ကာဆီမိုရို၊ အလွန်ဆိုတို့ဖြင့် နေရာ အပြိုင်လုရမည် ဖြစ်သည်။ အန်ဆယ်လော့တီ အနေဖြင့် အစ္စကိုနှင့် ကာဆီမိုရို အတွဲကို ပိုမိုသဘောကျနေသောကြောင့် အိုဇေးအနေဖြင့် ယခုကဲ့သို့ တိုက်တွန်းသွားရန် ရည်ရွယ်ထားကြောင်း သိရသည်

football-cafe

ဦးကျော်ငြိမ်းက ''အခု ဘဏ္ဍာနှစ်မှာတော့ သစ်ထုတ် လုပ်မှုကို လျှော့ချမှကိုဖြစ်တော့ မယ်။ ပြည်ထောင်စုအစိုးရကလဲ လျှော့ချမယ်လို့ပြောထားတယ်။ မလျှော့ချရင်လဲ ဒေသခံတွေ ဆန္ဒ ပြမယ့် သူတွေရှိနေပြီ''ဟု ပြော သည်။ ချင်းပြည်နယ် အပါအဝင် တိုင်းနှင့် ပြည်နယ်တချို့ရှိ သစ် တောများမှ သစ်များ ကို ထုတ်ယူ သုံးစွဲနေသော်လည်း ပြည်နယ်အ တွက် အကျိုးအမြတ်မည်မျှရရှိ သည်ကိုမူ မသိရကြောင်း ဒေသခံ များက ဆိုသည်။

ယင်းနှင့်ပတ်သက်ပြီး ချင်း ပြည်နယ်ဒေသခံတစ်ဦးက ''ကျွန် တော်တို့ပြည်နယ်ကနေ သစ်တွေ တစ်နှစ်တစ်နှစ် ထုတ်ယူနေတာ ဘယ်လောက်ရှိပြီဆိုတာ ကျွန် တော်တို့ ဘာမှမသိရဘူး။ ကျွန် တော်တို့က သစ်တောတွေကို အမှီပြုနေကြရတယ်။ အခု နောက် ပိုင်း သစ်တောက ပိုပြီးအရေး ကြီးလာပြီး ရာသီဥတုပြောင်းလဲ မှုကို ခံစားရတာ ကျွန်တော်တို့ ပြည်နယ်သူ၊ ပြည်နယ်သားတွေ ပါပဲ''ဟု ပြောသည်။ ယခုဘဏ္ဍာနှစ်တွင် သစ် တန်ချိန်မည်မျှထုတ်လုပ်မည်ကို မူ ညွှန်ကြား ချက်မရရှိသေး ကြောင်း ပြည်နယ်သတ္တုဝန်ကြီး က ထပ်မံပြောသည်။ နိုင်ငံတော်အနေဖြင့် သစ် ထုတ်လုပ်မှုကို လာမည့်နှစ်တွင် လျှော့ချသွားမည်ဖြစ်ပြီး သစ်လုံး တင်ပို့မှုကို ၂၀၁၄ခုနှစ် မတ်တွင် ရပ်ဆိုင်းမည်ဖြစ်ကြောင်း သိရ သည်။

အောင်အောင်
Yangon Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ