ဖက်ရှင်အကြံပေး တစ်ဦးအဖြစ် အောင်မြင်လိုသည့် ရိုစီ

M&S ဖက်ရှင်ကုမ္ပဏီနှင့် လက်တွဲခဲ့သော Transfromers: Dark of the Moon မင်းသမီးသည် M&S၏ အမျိုးသမီး အတွင်းခံ အဝတ်အထည် များအတွက် သူမအနေဖြင့် မည်သို့မည်ပုံ အကြံပေးခဲ့သည်များကို ဖွင့်ဟပြောဆိုခဲ့သည်။

သူမအနေဖြင့် မော်ဒယ်လ်တစ်ဦး အဖြစ်သာမက ဖက်ရှင် အကြံပေး တစ်ဦးအနေဖြင့်ပါ အောင်မြင်စွာ ရပ်တည်လိုကြောင်း ရိုစီဟတ်တင်ဂမ် ဝှစ်တလေက ထုတ်ဖော် ပြောကြားခဲ့သည်။ M&S ဖက်ရှင်ကုမ္ပဏီနှင့် လက်တွဲခဲ့သော Transfromers: Dark of the Moon မင်းသမီးသည် M&S၏ အမျိုးသမီး အတွင်းခံ အဝတ်အထည်များအတွက် သူမအနေဖြင့် မည်သို့မည်ပုံ အကြံပေးခဲ့သည်များကို ဖွင့်ဟပြောဆိုခဲ့သည်။ အသက်(၂၆)နှစ်ရှိ ဗြိတိသျှသူ မိန်းမချောလေးသည် အဆိုပါ အစီအစဉ်အတွက် M&S၏ နာမည်ကျော် ဒီဇိုင်းပညာရှင် ဆိုဇီဂျန်ကင်ဆန်နှင့် ပူးပေါင်းခဲ့သည်။ သူမသည် M&Sနှင့် အလုပ်တွဲလုပ်စဉ် ကိုယ်ဟန်ပြ ဓာတ်ပုံများ အရိုက်ခံခဲ့ပြီး ယခုအခါ Twitterတွင် ရိုက်ကွင်းနောက်ကွယ် ဗီဒီယို မှတ်တမ်း တစ်ခုကိုပါ ပရိသတ်များအတွက် လွှင့်တင်ပေးခဲ့သည်။

ကျွန်မဆီကို M&Sက ဒီဇိုင်းဓာတ်ပုံတွေ အများကြီး ပို့ပေးခဲ့တယ်။ အဲဒီထဲကမှ ဈေးကွက်နဲ့လည်း ကိုက်ညီ၊ ဂန္ထဝင်ဆန်ဆန် ဒီဇိုင်းမျိုးတွေကို ကျွန်မအမြင်နဲ့ ရွေးချယ်ခဲ့တယ်ဟု ရိုစီက ဆိုသည်။ ဆိုဇီကလည်း ကျွန်မတို့နှစ်ယောက် အမြင်ဖလှယ်ကြတယ်။ ရိုစီရဲ့ ဖက်ရှင်အတွေး အခေါ်က စိတ်ဝင်စားစရာပါပဲဟု ပြောကြားခဲ့သည်။ အဆိုပါ အတွင်းခံ Collectionကို ရိုစီ့စိတ်ကြိုက်အဖြစ် ကြော်ငြာက Rosie for Autographဟု အမည်ပေးထားကြောင်းလည်း သိရသည်။ Sofa cup ဘရာစီယာကတော့ ကျွန်မတို့ မိတ်ဆက်ခဲ့တဲ့ Collectionထဲက အဓိက အစိတ်အပိုင်း တစ်ခု ဖြစ်ပါလိမ့်မယ်ဟုလည်း ရိုစီက မှတ်ချက်ပြုခဲ့သည်။

သူမက အမျိုးသမီးတွေ အနေနဲ့ ဒီCollectionရဲ့ ဖန်တီးမှုတွေကို ဝတ်ဆင်ပြီး ခန္ဓာကိုယ် အလှကို ဂုဏ်ယူစိတ် အပြည့်နဲ့ ဖော်ပြနိုင်မှာပါဟု လည်း ပြောကြား သွားသည်။ ရိုစီက ယခုCollectionသည် M&S၏ အအောင်မြင်ဆုံး အမျိုးသမီးဝတ် အတွင်းခံ ဖက်ရှင်ဒီဇိုင်းများ ဖြစ်လာ ရန် မျှော်လင့်ကြောင်းလည်း ဆိုသည်။ ကျွန်မ တက်ကြွနေမိပါတယ်။ တကယ့်ကို စိတ်လှုပ်ရှားစရာ အတွေ့အကြုံပါပဲ။ ကျွန်မအနေနဲ့ M&Sရဲ့ အစီအစဉ်မှာ ပါဝင်ခွင့်ရတာ ကျေနပ်မိပါတယ်။ ကျွန်မအတွက်တော့ ဂုဏ်ပြုမှု တစ်ခုလိုပါပဲဟုလည်း ရိုစီက ဖွင့်ဟသွားသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ