ခါးပိုက်နှိုက်မှုကျူးလွန်သူများအား ဖမ်းဆီးရမိ

ရန်ကုန်၊ သြဂုတ် ၁၁

၁၀.၈.၂၀၁၃ ရက်နေ့ ၁၇၀၀ အချိန် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ခါးပိုက်နှိုက်ဖမ်းဆီးရေး တာဝန်အား အင်းစိန်မြို့နယ်၊ လှိုင်မြစ် လမ်း၊ ပေါက်တောဝ ကားမှတ်တိုင်၌ ဆောင်ရွက်လျက်ရှိစဉ်ယာဉ်လိုင်းအမှတ် (၂၂၄)ပေါ်မှ ဆင်းလာသော လှိုင်သာယာမြို့နယ် နေသူများဖြစ်သည့် ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူ ညီညီ (ဘ)ဦးဆန်းလွင်၊ (၁၅)ရပ်ကွက်၊ အောင်မျိုးမင်း (ဘ)ဦးစံထွန်း ၊ (၁၈)ရပ်ကွက်၊ အောင်ကျော်(ခ) အောင်ကြီး (ဘ)ဦးစိုးဝင်း၊ (၁၃)ရပ်ကွက်နေသူတို့အား သက်သေများရှေ့ ရှာဖွေရာ ညီညီဝတ်ဆင်ထား သည့် အင်္ကျီအိတ်ကပ်အတွင်းမှ ငွေစက္ကူရောရာ (၁၇၀၀၀)ကျပ်အား တွေ့ရှိစစ်မေးရာ ၎င်းတို့(၃)ဦး သည် ၎င်းယာဉ်အားလှိုင်သာယာရုံးရှေ့မှတ်တိုင်မှ စီးနင်းလိုက်ပါခဲ့ရာ အင်းစိန်မြို့နယ် ကမ်းနားမှတ်တိုင်တွင် ဆင်းသွားသည့် အသက်(၃၅)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး၏ ကျောပိုးအိတ် အား အောင်မျိုးမင်းနှင့် အောင်ကျော်(ခ)အောင်ကြီးတို့မှ ၎င်းတို့၏ဘေး လွယ်အိတ်ဖြင့် တိုးဝှေ့လူကာပေးပြီး ညီညီမှ ဇစ်ဖွင့်နှိုက်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အင်းစိန်မြို့မရဲစခန်း (ပ)၈၆၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၉(နှိုက်)/၅၄ ဖြင့် အရေးယူဆောင်ရွက်ထားရှိပြီး ကြွေးကျန်အမှုများနှင့် တိုက်ဆိုင် စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ