မင်္ဂလာပွဲအတွက် ငွေကြေး စိုက်ထုတ်ပေးလိုသူများကို လီဟိုရီ ငြင်းလွှတ်

နာမည်ကျော် ကိုရီးယားအဆိုတော် လီဟိုရီဟာ သူ့ရဲ့မင်္ဂလာပွဲကို ငွေကြေး စိုက်ထုတ်ပြီး အကုန်အကျ ခံပေးလိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေကို ယဉ်ယဉ်ကျေးကျေးပဲ ငြင်းလွှတ်ခဲ့တယ်လို့ kpop starz.comမှာ ဖော်ပြထားပါတယ်။

သူတို့ရဲ့ မင်္ဂလာပွဲကို ငွေကြေး စိုက်ထုတ်ပြီး စပွန်ဆာပေးဖို့ ကမ်းလှမ်းလာတဲ့ စီးပွားရေး လုပ်ငန်းတွေကို ယဉ်ယဉ်ကျးကျေးပဲ ငြင်းလွှတ်လိုက်တယ်လို့ လီဟိုရီနဲ့ သူ့ရဲ့ ခင်ပွန်းလောင်း လီဆန်ဆွန်းတို့က သူတို့ရဲ့ တွစ်တာစာမျက်နှာကနေ တစ်ဆင့်ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် လီဟိုရီက သူ့ရဲ့မင်္ဂလာပွဲကို ငွေကြေးအများကြီး အကုန်ခံပြီး ခမ်းခမ်းနားနား ကျင်းပမှာ မဟုတ်ဘဲ နှစ်ဖက်မိသားစုဝင်တွေနဲ့ အရင်းနှီးဆုံး မိတ်ဆွေအချို့နဲ့သာ အကျဉ်းရုံးပြီး ကျင်းပမှာ ဖြစ်တယ်လို့လည်း ကြေညာထားပါတယ်။

လီဟိုရီဟာ တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် အဆိုတော်တစ်ယောက် ဖြစ်တာကြောင့် သူ့ရဲ့မင်္ဂလာပွဲကို လူအများက စိတ်ဝင်စားလျက်ရှိပြီး စီးပွားရေး လုပ်ငန်းရှင်တွေကလည်း သူ့ရဲ့ မင်္ဂလာပွဲကို စပွန်ဆာပေးပြီး ၎င်းတို့ရဲ့ လုပ်ငန်းတွေကို မြှင့်တင်ဖို့ ကြံစည်နေကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ လီဟိုရီက “အစကတည်းက မင်္ဂလာပွဲကို ခမ်းခမ်းနားနား ကျင်းပဖို့ အစီအစဉ် မရှိတာပါ။ နှစ်ဖက်မိဘတွေနဲ့ ဆွေမျိုးတွေပဲပါတဲ့ စားသောက်ပွဲ ပုံစံမျိုးလေးပဲလုပ်ဖို့ စိတ်ကူးထားပါတယ်” လို့ သူ့ရဲ့တွစ်တာစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

မင်္ဂလာပွဲနဲ့ ပတ်သက်တဲ့ သူ့ရဲ့အစီအစဉ်ကို လီဆန်ဆွန်းရဲ့ မိဘတွေက သဘောတူထားတယ်လို့လည်း လီဟိုရီက ပြောကြားထားပါတယ်။
လီဟိုရီနဲ့ လီဆန်ဆွန်းတို့က သူတို့လက်ထပ်မယ့်ရက်ကို အတိအကျ မကြေညာသေးပေမယ့် ပရိသတ်တွေကြားမှာတော့ စက်တင်ဘာလထဲမှာ လက်ထပ်လိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ