ချစ်သူသစ် တွေ့နေပြီလား ကေတီ

ပြီးခဲ့သည့် နှစ်က ကမ္ဘာကျော် မင်းသား တွမ်ခရူးစ်နှင့် ကွာရှင်း ပြတ်စဲခဲ့သော ချစ်စရာ ကောင်းသည့် ခုနစ်နှစ် အရွယ် သမီးလေး ဆူရီ၏ မိခင်ဖြစ်သူ ဟောလီးဝုဒ် မင်းသမီးချော ကေတီဟုမ်းစ်သည် Mania Days ဇာတ်ကားတွင် သူမနှင့် အတူ ပါဝင် သရုပ်ဆောင်သည့် မင်းသား လုခ်ကာဘီနှင့် ချစ်ကြိုက်လျက် ရှိကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။

ကေတီနှင့် လုခ်တို့ နှစ်ဦးသည် သီတင်းပတ် တစ်ပတ်လျှင် ခုနစ်ရက်လုံး အတူ ရှိခဲ့ကြပြီး တစ်နေ့တခြား သံယောဇဉ် ပိုမိုငြိတွယ် လာဟန်ရှိကြောင်း ရင်းနှီးသူ တစ်ဦး၏ ပြောကြား ချက်ကို ကိုးကား၍ femalefirst.co.uk ၀က်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

ထို့အပြင် ကေတီတို့ နှစ်ဦးသည် ဇူလိုင်လ ရုပ်ရှင်ဇာတ်ကား ရိုက်ကူး ပြီးကတည်းက အဆက် အသွယ် အမြဲရှိကြောင်း၊ ထိုအကြောင်း အရာက ၎င်းတို့နှစ်ဦး ချစ်ကြိုက်နေသည် ဆိုသည့် သတင်းကို ပိုမို ခိုင်မာစေ သယောင်ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

လုခ်သည် သူမ၏ ဖူးစာရှင် အစစ်အမှန် ဖြစ်ကြောင်း၊ ကေတီက မကြာခဏ ဆိုသလို ရယ်စရာ အနေဖြင့် ပြောလေ့ရှိကြောင်း ရင်းနှီးသူ တစ်ဦးက ထုတ်ဖော် ပြောကြားချက် အရ သိရသည်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ