အာရှ ယူ-၂၂ ပြိုင်ပွဲတွင် မြန်မာအသင်းရုန်းကန်ရနိုင်

မြန်မာ ယူ-၂၂ အသင်းသည် အာရှ ယူ-၂၂ ချန်ပီယံ ရှစ်ပြိုင်ပွဲအုပ်စု ပွဲစဉ်တွင် အိမ်ရှင်အိုမန်အသင်း အပါအဝင် ခြေစစ်ပွဲတွင် ရင်ဆိုင်ခဲ့ရသော တောင်ကိုရီးယား အသင်းနှင့် ဂျော်ဒန်အသင်းတို့ နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သော ကြောင့် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ရန် ရုန်းကန်ရဖွယ် ရှိနေသည်။

မြန်မာ ယူ-၂၂ အသင်း သည် ခြေစစ်ပွဲစဉ်၌ တောင် ကိုရီးယားအသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့ရာတွင် သရေရလဒ်ရရှိ အောင် ကစားနိုင်ခဲ့သော်လည်း ထိုစဉ်က တောင်ကိုရီးယား အသင်းမှာ တက္ကသိုလ်လက်ရွေး စင်ကစားသမားအများစုနှင့် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ယခု တစ်ကြိမ်တွင် အုပ်စုအဆင့်မှ ကျော်လွန်နိုင်ရန် ခက်ခက်ခဲခဲ ကစားရမည်ဟု သုံးသပ်မှုများ ရှိနေသည်။

ဆောက်သမ်းမြန်မာအ သင်းမန်နေဂျာ ဦးမြင့်ကြူးက ''မြန်မာယူ-၂၂အသင်းက အုပ်စု ကျပ်ထဲကို ရောက်ရှိနေတာပါ။ ပြိုင်ဘက်အသင်းတွေနဲ့ မြန်မာ အသင်းထက် ခြေစွမ်းပိုင်းက သာလွန်နေပါတယ်။ ဒါပေမဲ့ ခြေစစ်ပွဲမှာ ကစားခဲ့တဲ့ မြန်မာ အသင်းရဲ့ ကစားပုံကတော့ ကျေနပ်စရာရှိပါတယ်။

မြန်မာ ယူ-၂၂ အသင်းအနေနဲ့ နောက် တစ်ဆင့်ကို လွယ်လွယ်ကူကူနဲ့ တက်ရောက်နိုင်မှာ မဟုတ်ပါ ဘူး။ ခြေစစ်ပွဲတုန်းကလို ကစားနိုင်ခဲ့မယ်ဆိုရင်တော့ နောက် တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ (၅၀)ရာခိုင်နှုန်းလောက် ရှိပါ တယ်''ဟု ပြောသည်။

အာရှယူ၂၂-ချန်ပီယံရှစ် ပြိုင်ပွဲအား လာမည့် ၂၀၁၄ ဇန်နဝါရီလ(၁၁)ရက်နေ့မှ (၂၆) ရက်အထိ အိုမန်နိုင်ငံ မတ်စကတ်မြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာအသင်းသည် အဖွင့်ပွဲစဉ် တွင် အိမ်ရှင်အိုမန်အသင်းနှင့် ရင်ဆိုင်ကစားရမည်ဖြစ်ပြီး အုပ်စုတွင်းအမှတ်အများဆုံး ရရှိမည့် အသင်းနှစ်သင်းအနေဖြင့် ကွာတား ဖိုင်နယ်သို့ တက်ရောက်ခွင့်ရမည် ဖြစ်သည်။

သြဂုတ်(၂၅)၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
Yangon Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ