တောင်အာဖရိက အိုလံပစ်အပြေးသမားကို လူသတ်မှုနဲ့ စွဲချက်တင်

တောင်အာဖရိက အပြေးချန်ပီယံ Oscar Pistroius အပေါ် ဒီနှစ်အစောပိုင်းက သူ့ရဲ့ချစ်သူ Reeva Sttemkamp ကို သတ်ခဲ့တယ်ဆိုပြီး စွဲတင်ထားတဲ့အမှုကို လာမယ့်နှစ် မတ်လမှာ စတင် စစ်ဆေးမှာ ဖြစ်ပါတယ်။

ပရီတိုးရီးယားမြို့ တရားရုံးတခုကနေ Pistorius အပေါ် လူသတ်မှုနဲ့ တနင်္လာနေ့က တရားဝင် စွဲချက်တင်လိုက်တာ ဖြစ်ပါတယ်။ အမှုကို မတ်လ ၃ ရက်နေ့မှာ စတင် စစ်ဆေးပြီး သီတင်းသုံးပတ်နီးပါး ကြာမြင့်မယ်လို့ တရားသူကြီးကပြောပါတယ်။

အမှုစစ်ဆေးတဲ့အချိန်ထိ Pistorius ကို အာမခံနဲ့ လွှတ်ပေးထားမှာ ဖြစ်ပါတယ်။ Steenkamp ကို ပစ်ခဲ့တယ်ဆိုတာက သူက ၀န်ခံထားပေမဲ့ အိမ်ထဲကို ခိုးဝင်လာသူလို့ ထင်ပြီး မှားပစ်ခဲ့မိတာလို့ အခိုင်အမာ ပြောထားပါတယ်။ အစိုးရရှေ့နေတွေကတော့ ဒါဟာ ကြိုတင်ကြံစည်ပြီး ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။

ကြိုတင်ကြံစည် လူသတ်မှုနဲ့ အပြစ်ရှိတယ်ဆိုတာ တွေ့ခဲ့ရင်တော့ Pistorius ဟာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံရဖွယ် ရှိပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ