ကိုယ်အသက်ရှင်ဖို့ အတွက် သူများဆီက အသည်းတစ်ခြမ်းကို မယူဘူး၊ အသေခံသွားမယ် ဆိုတဲ့ မြင့်မြတ်

လတ်တလောမှာ မြင့်မြတ်တစ်ယောက် အသည်းရောဂါနဲ့ ဆေးရုံတင်နေ
ရတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါပေမယ့် သြဂုတ်23ရက်က အမျိုးသားကဇာတ်ရုံမှာ ကျင်းပတဲ့ ဆီးဂိမ်းပြဇာတ်မှာ ပါဝင်ကပြနေတဲ့
မြင့်မြတ်ကို ကျန်းကျန်းမာမာနဲ့တွေ့ရှိရပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး
သူက ပရိသတ်တွေကို အောက်ပါအတိုင်း ရှင်းပြခဲ့ပါတယ်``

ဒီသတင်းက တော်တော်လေးပြောနေကြတယ်။ တချို့ဆို သေပြီလို့တောင် ပြောကြတာလေ။ အဲဒီသတင်းတွေ လုံးဝ
မဟုတ်ဘူး။ ကျွန်တော်စာချုပ်ချုပ်ထားတဲ့ ထုတ်လုပ်ရေးတွေနဲ့ ပုံမှန် ဇာတ်ကားတွေ ရိုက်နေတယ်။ အဓိကပြောချင်တာကတော့ ကျွန်တော်
နေကောင်းပါတယ်။ ဘာမှ မဖြစ်ပါဘူး။ အခုလို စိတ်ပူပေးကြတဲ့ ပရိသတ်
တွေကို အရမ်းကျေးဇူးတင်တယ်။ ၀မ်းလည်းသာတယ်။ အသည်းရောဂါဖြစ်
နေတယ်ဆိုပြီး ဖုန်းဆက်ကြတယ်။ မက်ဆေ့ခ်ျပို့ကြတယ်။ ပရိသတ်တွေ လှမ်းမေးကြတော့ ကြားကြားချင်း ထွေထွေထူးထူး ဘာမှ တော့ မခံစားရ
ပါဘူး။ တကယ်နေမကောင်းဖြစ်ရင် ပရိသတ်ကို အသိပေးမှာပါ။

ကျွန်တော့်ကို အသည်းလှူရင် ဘာပေးမယ်၊ ညာပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာကြောင့် မကောင်းဘူးလေ။ တကယ်ဖြစ်ခဲ့ရင်လည်း သူများ
ဆီက အသည်းတစ်ခြမ်းကို ကျွန်တော်မယူရက်ဘူး။ ဖြစ်ရင်လည်း အသေပဲ ခံသွားမယ်´´လို့ ပြောကြားခဲ့ပါတယ်. ..

Sunday Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ