စီရိုနယ်ဒို မန်ချက်စတာမှာ ရောက်နေ

ရီးရဲလ် တိုက်စစ်မှူး စီရိုနယ်ဒိုသည် မန်ချက်စတာသို့ ရောက်ရှိနေခြင်းကြောင့် အသင်းဟောင်း မန်ယူနှင့် သတင်းထွက်နေသည့် သူ၏ အပြောင်းအရွှေ့မှာ ပို၍ စိတ်ဝင်စားစရာ ဖြစ်လာကြောင်း သိရသည်။

ရီးရဲလ် အသင်းတွင် စီရိုနယ်ဒိုသည် စာချုပ်သစ် ကမ်းလှမ်းခံရခြင်း မရှိသေးခြင်း အပေါ် အသင်းနှင့် သဘောထား ကွဲလွဲနေပြီး ယမန်နှစ်ရာသီက ယခင် နည်းပြ မော်ရင်ဟိုနှင့်လည်း အချင်းများခဲ့သည်။ ထိုမှတစ်ဆင့် စီရိုနယ်ဒို၏ အနာဂတ်မှာ ပို၍ လှုပ်ခတ်လာခဲ့ပြီး ရီးရဲလ် အသင်းမှ ထွက်ခွာနိုင်ကြောင်း သတင်းများ ထွက်လာခဲ့သည်။ စီရိုနယ်ဒို မန်ချက်စတာသို့ ရောက်ခြင်းကို မန်ချက်စတာ လေဆိပ်မှ ငြင်းဆိုခဲ့သော်လည်း ယခင် မန်ယူ အသင်း အဖွဲ့ဝင်ဟောင်း ပက်ဒီ ဆီရန်က ပေါ်တူဂီ တိုက်စစ်မှူး စီရိုနယ်ဒိုမှာ မန်ချက်စတာသို့ ရောက်နေကြောင်း MUTV သို့ ပြောကြားခဲ့သည်။

အလားတူ စီရိုနယ်ဒိုမှာ နိုင်ငံတကာ ခြေစမ်းပွဲများ အတွက် ပေါ်တူဂီ အသင်းနှင့်အတူ ပေါ်တူဂီရှိ အယ်လ်ဂါဗစ်မြို့တွင် ရောက်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ မန်ယူ အသင်းသည် လစ်လပ် ကျောနံပါတ် ၇ နေရာ အတွက် ရီးရဲလ်မှ ၎င်းတို့ ကစားသမားဟောင်း စီရိုနယ်ဒိုကို ပြန်ခေါ်ရန် ကြိုးစားနေကြောင်း သတင်းကြီး နေသည်။ လွန်ခဲ့သည့်အပတ် စပိန်မှ လာသည့် သတင်းများ အရ စီရိုနယ်ဒိုမှာ ရီးရဲလ် အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုမည်ဟု ဖော်ပြနေသည်။

မန်ယူတွင် ကျောနံပါတ် ၇ ကို ယမန်နှစ်ရာသီက ကွင်းလယ်လူ ဗလင်စီယာ ၀တ်ဆင်ခဲ့သော်လည်း အဆိုပါ အီကွေဒါ ကွင်းလယ်လူမှာ ယခုနှစ်တွင် မူလ နံပါတ် ၂၅ ကို ပြန်လည် ၀တ်ဆင်မည်ဟု ဆုံးဖြတ်ခဲ့သည်။ မန်ယူတွင် နံပါတ် ၇ ကို ဂျော့ရှ်ဘတ်၊ ဘက်ခမ်း၊ ကန်တိုနာနှင့် စီရိုနယ်ဒိုစသည့် ကစားသမားများ ၀တ်ဆင်ခဲ့ခြင်းကြောင့် ဗလင်စီယာ အတွက် ဖိအားများနေ၍ ယခုလို ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ မန်ယူ နည်းပြ မိုရက်စ်က အသင်းမှ လစ်လပ်နံပါတ် ၇ ပိုင်ရှင်သည် စီရိုနယ်ဒို ဖြစ်လာနိုင်ေ်ကြာင်း ပြောကြားခဲ့သည်။

Yatanarpon

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ