ကိုရင်ငယ်တစ်ပါး ပဲခူးတွင် ရေနစ်သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်၊ ဆိုရှယ်လစ်….လမ်းရှိ ………ကျောင်းတိုက်တွင် (၁၆.၈.၂၀၁၃)နေ့ နေ့လည်(၁၂း၃၀) အချိန်ခန့်က အသက်(၁၃)နှစ်အရွယ်ရှိ ကိုရင်ငယ် တစ်ပါး ရေနစ်သေဆုံးခဲ့သည်။

ဖြစ်စဉ်မှာထိုနေ့က……….ကျောင်းတိုက်တွင် သီတင်းသုံး နေထိုင်သော ရှင်ကုသလနှင့် ရှင်သုန္ဒရတို့နှစ်ပါးမှာ ကျောင်းဝန်းအတွင်းရှိ (၁၂) တောင်ခန့်အနက်ရှိသော ရေကန်အတွင်းသို့ ရေဆင်း ကစားရာမှ ရှင်သုန္ဒရမှာ ရေထဲမှ ပြန်လည်ပေါ်လာခြင်း မရှိသည့်အတွက် အနီးရှိ ရဟန်းများအား ရှင်ကုသလမှ အကူအညီတောင်းသဖြင့် ရဟန်းများက ၀ိုင်းဝန်းဆယ်ယူရာ ကိုရင် ရှင်သုန္ဒမှာ အသက်မရှိတော့ဘဲ ဆယ်ယူရရှိခဲ့သည်။

ထိုဖြစ်စဉ်အား ပဲခူးမြို့၊မြို့မရဲစခန်းမှသေမှုသေခင်း အမှတ်(၁၉)အရ အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရှိရသည်။

ကိုသန့် ဇင်

by Myanmar News Now

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ