လူအများထင်ထားသည်ထက် မိသားစုဘဝက ပိုမိုရိုးရှင်းဟု ဗစ်တိုးရီးယားဆို
သို့သော်လည်း Vogue မဂ္ဂဇင်းတွင် ကိုယ်ဟန်ပြ ဓာတ်ပုံရိုက်ခဲ့ပြီးနောက် ဖြေကြားသည့် အင်တာဗျူးတွင် ဗစ်တိုးရီးယားက သူမတို့ မိသားစုသည် သာမန်ပင်ဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။ အသက်(၃၉)နှစ်ရှိ ဗစ်တိုးရီးယားက "တစ်ခါတစ်လေတော့လည်း ကလေးတွေကို သိပ်ပြီးမှ ကျွန်မရဲ့ မျက်တောင်တုတွေကို ချွတ်ရတယ်။ ရိုးရိုးသားသား ပြောရရင်တော့ ဒါဟာ ပင်ပန်းလွန်းပါတယ်။ ကျွန်မရဲ့ ကလေးတွေထဲမှာ ဘရွတ်ကလင်းကတော့ နောက်ဆုံးမှ အိပ်ရာဝင်တတ်တယ်။ တကယ်တော့ ကျွန်မတို့ မိသားစုဟာ လူတွေ ထင်ထားတာထက် အများကြီး သာမန်ဆန်ဆန် ဖြတ်သန်းနေတာပါ"ဟု ပြောကြားခဲ့သည်။
သူမက ခင်ပွန်းသည်၏ အောင်မြင်ခဲ့သော ဘောလုံးသမား ဘဝအတွက် ကျေနပ်ကြောင်းလည်း ဆိုသည်။ "ဒေးဗစ်အတွက် ကျွန်မတို့ အင်မတန် ဂုဏ်ယူမိခဲ့တာပါ။ သူကစားတဲ့ ကလပ်တွေက ကမ္ဘာအနှံ့ ပြောင်းရွှေ့နေတာလေ။ ဒါပေမဲ့ ကျွန်မတို့လည်း လိုက်အခြေချပြီး သူ့ကို ကူညီခဲ့ကြပါတယ်။ (၁၅)နှစ်လုံးလုံး သူ့ရဲ့ ဩဇာသက်ရောက်မှုဟာ ကမ္ဘာပေါ်က သန်းပေါင်းများစွာသော ဘောလုံးပရိသတ်တွေအပြင် ကျွန်မနဲ့ ကလေးတွေအပေါ်မှာလည်း သက်ရောက်ခဲ့တယ်။ ခုတော့ မိသားစုအတွက် သူအချိန်များများ ပိုပေးနိုင်မှာကို တွေးမိပြီး စိတ်လှုပ်ရှားမိပါတယ်"ဟုလည်း ဗစ်တိုးရီးယားက ဖွင့်ဟသွားခဲ့သည်။
Planet Myanmar Network
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
Entertainment
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin